[Unicode]Life Blood ❣️ Ep-16
ရိပေါ် မနေ့ညက အိပ်ရေးပျက်ထားတာကြောင့်
မနက်ရှစ်နာရီခွဲမှ နိုးလာခဲ့သည်။
ရေချိုးသန့်စင်ပြီးနောက်
ရှောင်ကျန့်ရဲ့ အခန်းတံခါးကိုခေါက်ကြည့်တော့
လော့မချထားသည့် အခန်းတံခါးဟာ ပွင့်လျက်သားမို့
အထဲဝင်ကာ ရှာကြည့်မိ၏။
ဒဏ်ရာအဆင်ပြေမပြေ သူသိချင်သည်။
မနေ့ညကအိပ်မပျော်တာနဲ့ရော သတိရတာနဲ့ပါ ရှောင်ကျန့်အခန်းထဲ ဝင်ကြည့်ခဲ့သေးသည် နှစ်ခြိုက်စွာ အိပ်ပျော်နေသည်မို့ ဒဏ်ရာကို ဆေးလိမ်းပေးခဲ့တာပင်။
ခုလည်း အခန်းထဲရှိမနေလို့ အောက်ထပ်ဆင်းလာခဲ့လိုက်တယ်
ထင်သည့်အတိုင်းပင် မီးဖိုချောင်ထဲရောက်နေသည်။
မားနှင့် ရှင်းဝေမှာလည်း စားပွဲခုံ၌အခန့်သားထိုင်၍
မနက်စာစားနေတာပင်။
ပေါင်မုန့်ကင် နောက် သူသိပ်ကြိုက်တဲ့
ရှောင်ကျန့်လက်ရာ အမဲလုံးခေါက်ဆွဲ....
ရိပေါ် စိတ်တိုသွားရသည်။
နေမကောင်းတဲ့သူကို ဒါမျိုးတွေ ခိုင်းစရာလား!"မင်းကို မီးဖိုချောင်ထဲ မဝင်ရဘူးလို့ ပြောထားတယ်လေ..."
"ဟို...ကျွန်တော် ...သက်သာနေပါပြီ..."
သူ့အသံကြားသည်နှင့် လှန့်ကာတုန်ရီသွားပြီး
ချက်ချင်းလှည့်ဖြေသည် မအီမသာအပြုံးဖြင့်
ပုံစံက ထော့နှဲ့နှဲ့ဖြစ်နေတာတောင် သက်သာနေပြီလုပ်သေးသည်။
မားနှင့်ရှင်းဝေရဲ့ အကြည့်တွေဟာလည်း သူ့ဆီ အလိုမကျဟန်ရှိသည် သို့သော် သူဂရုမစိုက်ပါ။
မားကို ချစ်သည် Landon မှာနေခဲ့တဲ့ ဒီအသက်အရွယ် ဒီအချိန်ထိ မားရဲ့စကားတွေကိုပဲ နားထောင်ပြီး မားစိတ်တိုင်းကျပုံသွင်းသလို သူနေခဲ့သည်။
အဲဒါဟာ Landonမှာနေခဲ့တဲ့အချိန်ထိပဲ ဆိုတာ
မား လက်မခံသေးတာလား သူမတွေးတတ်ပါ။
သူဒီကို ပြောင်းလာတာဟာ ဒီမှာပဲ အခြေနေထိုင်ဖို့ရွေးချယ်ခဲ့တာပင် ပုံစံခွက်ထဲမှာနေခဲ့တဲ့ သက်တမ်းဟာ ကုန်ဆုံးသွားခဲ့ပြီ။
အဲဒါ ဘာကြောင့်လဲဆိုလျှင် သူ့နှလုံးသားကိုပါ
ထည့်မတွက်ပဲ မားရဲ့အတ္တတစ်ခုကိုပဲ ရှေ့တမ်းတင်ခဲ့လို့ပဲဖြစ်သည်။"ထားခဲ့တော့...ဆေးခန်းသွားရအောင် ဒီနေ့ကျောင်းမသွားနဲ့ နောက်လည်းကျနေပြီမလား.."
YOU ARE READING
Lifeblood ❣️ (Yizhan) (Completed)