Uni
(အပိုင်း-၄)
* * *
မနက်စာပူနွေးနွေးကို ဆာနေလို့လားရယ်မသိ သားအမိနှစ်ယောက် စားကောင်းချက်။ စားလို့သောက်လို့ပြီးရင်လည်း အလုပ်ကမပြီးနိုင်သေးဘူး။ စားပြီးသား ပန်းကန်တွေရောနောက်ပြီး မနေ့က ထမင်းချိုင့်ပါရော တခါတည်း အင်တုံထဲထည့်ပြီး ဆေးမှ မဟုတ်ရင် ရေကထပ်ကုန်မှာလေ။ ရေကလဲ တစ်ကန် တစ်ရာပေး၀ယ်ရတယ်။ ချိုးရေလည်း ဒါပဲ သုံးရေလည်းဒါပဲ။တစ်ကန်၀ယ် တစ်၀က်ကို ချိုးပြီး တစ်၀က်က သုံးရေအတွက် အိမ်ထဲ ဆွဲထည့်ရတယ်။ကန်တစ်ကန်ကလဲ သုံးခွက်လောက်ချိုးပြီး ကန်တစ်၀က်ရောက်သွားတာပါပဲ။ ဒီရေထဲကပဲအမေ့ကို ရေချိုးပေးရတယ်။ အိမ်သာရေထည့်ရတယ်။ ဘယ်လိုရှားပါးမှန်းကိုမသိပါဘူးရေကလဲ။ သောက်ရေကတော့ ဒေါ်ရွှေမြင့်တို့ဆီကနေ ခပ်လို့ရလို့ တော်သေးတယ်။
ဆေးကြောပြီးရင်လဲ စျေးသွားဖို့ ပြင်ရတော့မယ်။ မနေ့က ရှင်းထားတဲ့ လုပ်အားခလေးကို ပြန်စစ် လက်ထဲကို ကျစ်ကျစ်ပါအောင်စုပ်ထား ပြီးတော့ ခြင်းတောင်းလေး ဟိုဘက်လက်ကဆွဲပြီး မိခင်သိန်းတို့ စျေး၀ယ်ထွက်ပါပြီ။ အသွားတုန်းကတော့ ပြုံးပြုံးပါပဲ အပြန်တော့ ဟိုကုန်ကတက် ဒီကုန်က ခေါင်ခိုက်နဲ့ ဇောချွေးပြန်လာမှာတော့ အမှန်ပဲ။
"အမေ စျေးသွားတော့မယ်နော်..."
ဒေါ်တင် တစ်ယောက် အသံကြားရာကိုပဲ မှန်းပြီး ခေါင်းငြိမ့်ပြလိုက်ရသည်။ ခြေသံက တဖြည်းဖြည်း ဝေးသွားသလိုနဲ့ မကြားရတော့ပြီ။ သေချာပါတယ် ဒီကလေး အပြင်ရောက်သွားပြီ အပြင်ရောက်မှ ဒေါ်တင် ဟင်း ခနဲ သက်ပြင်းချနိုင်ပါ၏။
ဒီကလေး ကံလေးက ဆိုးရှာပါတယ် ။ သူ့ကိုမွေးပြီးသည်ထိတော နေပါသေးတယ်နောက်တော့လဲ လင်တော်မောင် ယောက်ျားက သူ့မယားကြီီးဆိီပြန်သွားတယ်လေ ။ ပြန်ကိုမလာတော့ဘူး ဒီကလေး၁၀နှစ်လား ၇နှစ်လားပဲ သိပ်တော့ မမှတ်မိဘူး။၁၀နှစ်လို့ပဲ ထားလိုက်ပါတော့။သားသမီးလေး သုံးယောက်မွေးထားပါတယ်။ သမီးတွေက အားကိုးလို့မရဘူး။ အတောင် တောင်မစုံသေးဘူး မျက်မမြင်ကြီးကို မလုပ်ကျွေးချင်တာနဲ့ အားကိုးရှာကြတာလေ။သူတို့လဲ ဘထူးနဲ့ ဘဦးပါပဲ။သူ့အဖေနဲ့ဘာကွာလို့လဲ ခွေးတစ်ကောင်
ကြောင်တမြီး ရေတစ်ပေါက်တောင်လာမတိုက်ဘူး။ ကျော်သိန်းလေးကို ငယ်ငယ်က အထွေးဆုံးသားဆိုတော့ အချစ်ပိုခဲ့ရတယ်။
ကလေးက မစိုမခြောက်လေးဖြစ်တော့ အိမ်မှာ အပယ်ခံ ဖြစ်ပါလေရော။ အကြီးမက ရိုက်လိုက် သူ့အဖေက ရိုက်လိုက် အငယ်မက နှိပ်ဆက်လိုက်နဲ့ ။ အဓိကက ယောက်ျားလိုမနေလို့တဲ့။ မိတင်တို့က စာမတက်ပါဘူး ပညာမတက်ပါဘူး သူ့ဘာသာ ဘယ်လိုနေနေ ဒါက မိတင်ရဲ့ သားလေးပဲလေ။ အခုဆို သူ့ကပဲ ကိုယ့်ရဲ့ မျက်စိ ကိုယ့်ရဲ့ တောင်ဝှေး ဖြစ်နေပြီ။
ဝဋ်ကြွေးတွေ အရင်ဘ၀က ဟာတွေ မိတင်အဲ့လောက်ထိ ဉာဏ်မမှီဘူး။ သူများပြောလို့သာ ခေါင်းငြိမ့်လိုက်ရတာ မိတင်ကတော့ ကျော်သိန်းကို ချစ်ပါ့။ ကျော်သိန်းလို့ခေါ်ရင် မကြိုက်ချင်ဘူး သူက ခင်သိန်းလို့ခေါ်မှ။
မိတင်ကတော့ မိတင်ရဲ့သားကို ဘယ်သူတွေ ဘာပြောပြော အမေကိုလုပ်ကျွေးနေတဲ့သားပဲလေ။
ခြောက်နေတာလဲလို့ ဘာမှ ရာဇ၀တ်မှုကျုးလွန်ထားတာမရှိဘူး။ မူးရူးနေပြီး မိုက်ရိုင်းမနေဘူး။ သားလို တမျိုး သမီးလိုတဖုံ အားကိုးလို့တောင်ရသေးတယ်။ ဒါမဲ့ ပတ်၀န်းကျင်ရဲ့ ပြောဆိုဒဏ်တွေကို သားကို ဒီအမေ မကာကွယ်ပေးနိုင်ခဲ့ဘူး။ ပတ်၀န်းကျင်မှမဟုတ်ပါဘူး သူ့အစ်မတွေရဲ့ ရိုက်နှက်ပြောဆိုတဲ့ဒဏ်ကိုတောင် မကာကွယ်နိုင်ခဲ့သည်။ ဒီဟာမတွေ အိမ်က ထွက်သွားတာလဲ တမျိုးကောင်းပါတယ်။ ဒင်းတို့ရှိနေရင် ငါ့သားလေး စိတ်ဆင်းရဲနေမှာပေါ့။

YOU ARE READING
လွတ်လပ်ခွင့် ( Uni + Zaw)
Non-Fictionမိန်းမလျာတစ်ယောက်ရဲ့ ဘ၀အခြေနေဖြတ်သန်းပုံ၊ ဖိနှိပ်ခံရပုံတွေကို ရသသဘော ရေးသားထားခြင်းဖြစ်ပါတယ်။