Part -11(Uni + Zaw)

9 6 0
                                    

Uni

(အပိုင်း - ၁၁)

အမေနဲ့ ခင်သိန်း ချဥ်ပေါင်ရေကျဲနဲ့ နှစ်ပါးသွားနေရတာ ရက်တွေကြာနေပြီ။ အကိုက ဟိုဟာလေး စားချင်လို့ဆို "ရော့ အင့်" ၊ ဒါလေး လိုချင်လို့ဆိုရင်လည်း "ရော့ အင့် "ပဲ ။
အကို့ရှေ့မှာတော့ သူဌေးမကြီးလုပ်ပြီး လိုချင်တာ မှန်သမျှ ၀ယ်ပေးနေတာ အိမ်မှာတော့ အမေ့ကိုလည်း အားနာလှပြီ။အရင်ကဟင်းကောင်းမစားနိုင်ပေမဲ့ ၀မ်းလေးစိုအောင်တော့ စားနိုင်သေးတယ်။ အိုးထဲလည်း ဆန်ကမရှိတော့ဘူး။ ဆီကလည်းကုန်ပြီ။
ခင်သိန်းမျက်နှာတောင် ပရိုမီနာ မကပ်နိုင်တော့ဘူး။ သနပ်ခါးပဲ လိမ်းနေရပြီ။

အကိုကလည်း အရင်နဲ့မတူတော့ဘူး။ အချိုးတွေပြောင်းကုန်ပြီ။ အရင်က လိုချင်တာ မရရင် ကြောင်လေးလို ချွဲတာ ချွဲတာ။ အခုကျတော့ လိုချင်တာ (မ၀ယ်ပေးတာမဟုတ်ပါဘူး) ပိုက်ဆံ ချိန်နေရလို့ ခဏလေးစောင့်ခိုင်းတာပါ။ အဲလို စောင့်ခိုင်းရင် " တောက်" ခေါက်ပြီး ဒေါသတကြီး ခင်သိန်းကို အော်တက်တယ်။ ခင်သိန်း သိပ်ကြောက်တာပဲ။အော်ခံရမှာထက် အကို့ ခင်သိန်းကို မချစ်တော့မှာ ကြောက်တာပါ။

အရင်က စက်ဘီးနဲ့ကြိုနေကျပေမဲ့ အခုတော့ ဆိုဒ်က အရေးကြီးလို့ဆိုပြီး အလုပ်ကို အရင်သွားတယ်လေ။ အပြန်ကျလဲ အိမ်မှာလူမရှိလို့ပါ ဆိုပြီး အရင်ပြန်တယ်။ ခင်သိန်းကို မစောင့်တော့ဘူး။ အလုပ်မှာလည်း အလုပ်မအားလို့ဆိုပြီး ခင်သိန်းဆီတောင်မလာတော့ဘူး။ထမင်းစားချိန်တောင် ခဏလေး ။ တကယ်ခဏလေးပါပဲ။ ဟုတ်ရင်လည်း ဟုတ်မှာပါ။ တိုက်ကပြီးတော့မှာ အချောကိုင်နေတာမို့ ခင်သိန်းတို့ ပန်းရံတွေ အလုပ်ပါးသွားပေမဲ့ မီးသမားတွေက အလျင်လိုနေပြီ။

ခင်သိန်းကို မုန်းသွားတာတော့ မဟုတ်ပါဘူးနော်။ အကို လိုချင်တာလေးတွေ ၀ယ်ပေးပြီးရင် "ခင်သိန်းကို ချစ်လိုက်တာ "ဆိုပြီး ပြောနေကြပဲကို ။

ဟော ဒီနေ့လည်း အကို အလုပ်ရှုပ်နေပြီ ထင်တယ်။ စောင့်နေကြနေရာမှာတောင် မရှိဘူး။
ဒီနေ့က ခင်သိန်းတို့ တိုက်အပြီးသတ်မယ့်နေ့။
အလုပ်လုပ်စရာတော့ မလိုပါဘူး။ တိုက်ပိုင်ရှင်က မုန့်လေးကျွေးတာစား ၊လက်ဆောင်ပေးတာလေးယူ၊ ပန်းရံဆရာ ပိုက်ဆံရှင်းတာလေး ယူပြီး ပြန်ခဲ့ရုံပါပဲ။
နောက်တစ်ဆိုဒ်အတွက်လဲ အလုပ်ဆက်ရင်းပေါ့။ ဒီနေ့မျိုးဆို အကို့ကို လာစေချင်တယ်။
နောက်တစ်ဆိုဒ် မှာ ဆုံချင်မှ ဆုံမှာလေ။
ထပ်မတွေ့ရတော့ရင် ဘယ်လိုလုပ်မလဲ။
အို...မဟုတ်ပါဘူး ဘာကိစ္စ မတွေ့ရမှာလဲ။
ပိုက်ဆံရှင်းတာ ဆိုပေမဲ့ ဘာရစရာမှမရှိတော့ဘူးလေ။ အကို လိုချင်တာ စားချင်တာကို ခင်သိန်း အိတ်စိုက်ခဲ့ပေမယ့် မရှိတယ့်အခါမျိုးဆို အသုံးထုတ်ပြီး ၀ယ်ပေး ခဲ့ရတာ။
အင်း...ကိုယ်က ပြန်ပြီး အကြွေးမကျန်ခဲ့ရင်တောင် ကံကောင်း။
_______________________________

လွတ်လပ်ခွင့် ( Uni + Zaw)Where stories live. Discover now