Uni
(အပိုင်း - ၁၄)
"ခင်သိန်း ဟို... ပိုက်ဆံလေး ခဏလှည့်ချင်လို့ပါ"
ခင်သိန်း မရှက်နိုင်တော့ဘူး။ ခင်သိန်း အိမ်က ထွက်ကတည်းက အရှက်ဆိုတဲ့ အရာကို ဆန်မရှိတဲ့ ဆန်အိုးထဲမှာ ပိတ်ထားခဲ့လိုက်ပြီ။
ရှက်နေဖို့ထက် အမေ့ဆေးဖိုး ၊ ဆန်ဖိုးက ပိုပြီး အရေးကြီးတယ်လေ။ ကြိုက်မရှက် ၊ ငိုက်မရှက်၊ ငတ်မရှက်တဲ့ ။
ဟိုသေနာကို ကြိုက်တုန်းကလည်း မရှက်ခဲ့ဘူးလေ။ မရှက်ခဲ့လိုပဲ ရှိသမျှ အကုန်ခွါယူသွားတာ။ အခုတော့ ငတ်ပြီ ။ ထပ်ပြီး မရှက်နိုင်တော့ပါဘူး။"ခင်ခင်လေးက ဘယ်လောက်လိုချင်လို့လဲ"
"၃သောင်းလိုက်ပါ ကိုစန်းညွှန့် အတိုးနဲ့ဆိုရင်လည်း ခင်သိန်းပေးပါ့မယ် ၊ ခင်သိန်း အလုပ်နားထားရလို့ပါ ပြန်ခေါ်ရင် ပေးမှာပါ။"
"၃သောင်းတည်းလား ရပါတယ်။ အတိုးကတော့ မယူပါဘူးဗျာ ။ တလမ်းတည်းသားချင်းတွေပဲ။ ခင်သိန်းအလုပ်နားထားရတာကို ကျွန်တော်လည်း သိပါတယ်။"
"ခဏစောင့်ပါ ကျွန်တော်ပိုက်ဆံသွားယူလိုက်ဦးမယ်။"
အတိုးမယူတာကိုပဲ ခင်သိန်း ၀မ်းသာလှပါပြီ။
အတိုးယူတယ်ဆိုရင်လဲ ဖဲ့ဆပ်ရမှာပေါ့။ လင်ထဲအရေးပေါ် လိုနေတာပဲကို။ဟင်...အခန်းထဲက ထွက်လာတယ့် မိန်းမလျာလေးတစ်ယောက်။ နေပါဦး ဒီမျက်နှာပေါက်ကို ငါတွေ့ဖူးပါတယ်။ သိပြီ သိပြီ။
မာမီစွာတို့အိမ်က မိန်းမလျာလေး။ သူက ဒီကို ဘာလာလုပ်တာလဲ။ ထွက်လာတော့လည်း အခန်းထဲက။ အ၀တ်တွေကလဲ ဖရိုဖရဲ
ခင်သိန်းဆက်မကြည့်နိုင်တော့ဘူး မျက်နှာလွဲထားလိုက်သည်။ သူ့နောက်ကနေ စန်းညွှန့်ပါထွက်လာတယ်။"ရော့ ခင်ခင်လေး... အေးဆေးမှ ပြန်ဆပ် လိုရင်လည်း ထပ်ပြော အားမနာပါနဲ့ဗျာ ဟက် ဟက်"
"ဟုတ်ကဲ့ပါ ခင်သိန်းပြန်ဆပ်မှာပါ"
ခင်သိန်း စကားသာပြောနေပေမဲ့ မျက်လုံးက တချက် တချက် ဟိုတစ်ယောက်ကိုပဲ ကြည့်နေမိတယ်။ ဒါကို စန်းညွှန့်သဘောပေါက်တယ်ထင်တယ်။
"သြော် သူက အလုပ်လာလုပ်တာလေ"
အလုပ်လုပ်ရတာကလည်း သူများအခန်းထဲထိပေါ့။ ဘာအလုပ်လဲ မမေးချင်တော့ဘူး။
ကိုယ့်ကိစ္စလည်း မဟုတ်ပါဘူးလေ။
YOU ARE READING
လွတ်လပ်ခွင့် ( Uni + Zaw)
Non-Fictionမိန်းမလျာတစ်ယောက်ရဲ့ ဘ၀အခြေနေဖြတ်သန်းပုံ၊ ဖိနှိပ်ခံရပုံတွေကို ရသသဘော ရေးသားထားခြင်းဖြစ်ပါတယ်။