Uni
(အပိုင်း - ၁၀)
အကိုမရှိလို့လား မသိဘူး ဒီနေ့က ပိုပြီးတော့တောင်အချိန်တွေကြာနေတယ် ။အကိုအသံလေးမကြားရ အကို့အပြုံးလေးမမြင်ရတော့ ထမင်းစားလို့မကောင်းတော့ဘူး အဲဒါလွမ်းတယ်ဆိုတာလား။အကိုနဲ့တွေ့မှ အချစ်ကိုလည်း ခံစားဖူးပြီ အလွမ်းကိုလည်း ခံစားရပြီ။တော်ပါသေးတယ် တစ်ရက်တည်းမို့လို့ပေါ့။ ဒါပေမဲ့ ဆိုဒ် ပြီးသွားရင်အကိုနဲ့ ခွဲရဦးမှာ။ ဆိုဒ်ကလဲ ပြီးတော့မှာ။ လူချင်းဝေးပေမဲ့ စိတ်ချင်းနီးဖို့ အဓိက ပဲမလား။
အလုပ်ဆင်းချိန်လည်း အရင်လိုတစ်ယောက်တည်းပဲ ။ အကိုရှိတာမှ စက်ဘီးနဲ့လည်း လိုက်ရသေးတယ်။ လမ်းမှာစကားပြောရင်း ကြည်နူးရသေးတယ်။
အခုတော့ ဒီမှါ သောင်ပြင်မှာလွှတ်တယ့် ငှက်ကလေးဖြစ်နေပြီ။"အရှေ့မှာ အကို!"
အံ့သြလွန်းလို့ အသံတောင်ထွက်သည်အထိပင်။ အကို ခင်သိန်းကို လာကြိုတာပေါ့နော်။
ပျော်လိုက်တာ အကိုရယ်။ ခင်သိန်း တစ်ယောက်တည်း ပျင်းနေတာ။ ဒီနေ့ အဖိတ်နေ့လေ ခင်သိန်း ပိုက်ဆံထုတ်ခဲ့တယ်။
အကို့ အမေ့အတွက် မုန့်၀ယ်ပေးရဦးမယ်။"အကို... အကို့အမေ သက်သာသွားပြီလား"
"သက်သာပြီ ခင်သိန်းရဲ့ အကို က ခင်သိန်းတစ်ယောက်တည်း စိတ်မချလို့ လာကြိုတာ"
"ခင်သိန်း ပြန်တက်ပါတယ် ။ ခင်သိန်း ကလေးမဟုတ်ပါဘူး။"
"ခင်သိန်းကို စိတ်ချ ပါတယ် ။ အခြားသူတွေကို စိတ်မချတာ"
"အကိုက ပိုပါပြီလေ"
ရယ်ရယ်မောမောနဲ့ပဲ အကိုစက်ဘီးနောက် လိုက်လာခဲ့တယ်။ အခုမှပဲ ခင်သိန်း စိတ်ချမ်းသာတော့တယ် ။ အကို့ မျက်နှာလေး မြင်လိုက်ရတော့ ရင်ထဲ ရေခဲလေးလောင်းလိုက်သလိုပဲ။ အေးပြီး ကျဥ်သွားတာပဲ။စျေးထိပ်ရောက်တော့ အကို့အမေအတွက် လိမ္မော်သီး ၂၀၀၀ဖိုး၀ယ်ပေးလိုက်တယ်။အမေ့အတွက်တော့ ၁၀၀၀ဖိုးလောက်ပဲ ၀ယ်ခဲ့တယ်။၃၀၀၀ဖိုးကြီး ကုန်သွားပြီ။ မိခင်သိန်းရယ် လူကြီးသူမကို စောင့်ရှောက်တာပဲလေ မတွန့်တိုကောင်းပါဘူး။ အကိုပြောသလို "မိဘကို လုပ်ကျွေးနေတဲ့သူအချင်းချင်း ကူညီတာပေါ့"
YOU ARE READING
လွတ်လပ်ခွင့် ( Uni + Zaw)
Phi Hư Cấuမိန်းမလျာတစ်ယောက်ရဲ့ ဘ၀အခြေနေဖြတ်သန်းပုံ၊ ဖိနှိပ်ခံရပုံတွေကို ရသသဘော ရေးသားထားခြင်းဖြစ်ပါတယ်။