Uni
(အပိုင်း- ၁၇)
ခင်သိန်း အလုပ်၀င် တစ်ပတ်လောက်ရှိပြီ။ အရာအားလုံးက အဆင်ပြေနေဆဲပါပဲ။ စန်းညွှန့်ကတော့ အရင်က တစ်ခါမှ ၀င်ခြင်း ထွက်ခြင်း မရှိတဲ့ ခင်သိန်းတို့ အိမ်ကိုတောင် အ၀င်စိတ်နေပြီ။ ခင်သိန်းမကြိုက်ပေမဲ့ အလုပ်ရှင်ဆိုတော့ ပြောလို့မကောင်းဘူးလေ။ အမေကလည်း သဘောမကျပေမဲ့ လူကြီးဆိုတော့ ဘာမှတော့ ၀င်မပြောဘူး။ တစ်ပတ်ကြာအောင် အလုပ်ဆင်းပြီး သိလိုက်ရတာက ဆိုင်က၀န်ထမ်းတွေအကုန်လုံးက ဒလတ်တွေဆိုတာပဲ။ ဒလတ်တွေဆိုတော့လည်း ခင်သိန်းလည်း အလိုက်အထိုက်ပေါ့ အလိုက်အထိုက်လုပ်လို့မရတာက ချစ်စနိုးမ ခင်သိန်းကို လက်ပွတ်လိုက် ရင်ပွတ်လိုက်ဆိုတော့ ခင်သိန်း သူ့ကိုတော့ ရှောင်ရသည်။ ခေါ်ပြော ပြုံးပြ လောက်ပဲ သိပ်ပြီး ရောရော၀င်၀င် မနေဘူး။
ခင်သိန်း ရောရော၀င်၀င်နေတာဆိုလို့ ဟင်းချက်တဲ့ အဒေါ်ကြီး ဒေါ်မာကြည် တစ်ယောက်ပဲ ။ ဒေါ်မာကြည်က အသက်ကြီးနေပြီ ခန့်မှန်းရသလောက် အမေ့ထက်ကို ကြီးမယ်ထင်တယ်။ ဟင်းရွက်သင်ရင်း ၊ ကြက်သွန်ကူနွှာရင်းကနေ ဒေါ်မာကြည်နဲ့ စကားတွေပြောပြီး ခင်ခဲ့ကြတာ။
ဒေါ်မာကြည်ကတော့ စန်းညွှန့်နဲ့ သူ့သူငယ်ချင်း မိုးဟိန်း တို့၂ယောက်ကို သတိနဲ့ဆက်ဆံဖို့ မှာတယ်။
"ခင်သိန်းရယ် အဲ့၂ကောင်က မြေပွေးလို လူမျိုးတွေ သတိနဲ့နေ ကြားလား။ သူ့တို့အလုပ်လုပ်ပေမဲ့ သိပ်အရောမ၀င်နဲ့
မင်းမို့လို့ အဒေါ်မှာတာပါကွယ် ကျန်တဲ့သူက ဟို၂ကောင်မရောရင်တောင် သူတို့က ၀င်ပြီး ပွတ်သီးပွတ်သတ်နေကြတာ။"
ဟုတ်တော့လည်း ဟုတ်ပါသည်။ ဆိုင်မှာဆို အကိုကြီး အကိုကြီးနဲ့လေ...။စန်းညွှန့် သူငယ်ချင်း မိုးဟိန်းဆိုသူက တစ်ရက်တော့ ၀န်ထမ်းအသစ်တစ်ယောက်ကို ခေါ်လာခဲ့တယ်။ ကောင်လေးက ခင်သိန်းနဲ့ ရွယ်တူလောက်ပါပဲ။ ဖြူဖြူဖွေးဖွေး လူရည်ချောလေးပါပဲနာမည်က ဇွဲမောင်တဲ့ ။ ရောက်လာကတည်းက ချောင်တစ်နေရာမှာ ငိုင်နေတက်တယ်။ တခါတလေ ငိုနေတက်တယ်။ ညကို အလုပ်မသိမ်းပေမဲ့လည်း မိုးဟိန်းကဆိုင်ကယ်နဲ့ လာလာခေါ်သွားတက်တယ်။ထူးဆန်းတာက ချစ်စနိုးမက ဇွဲမောင်ကို ဆူခြင်းငေါက်ခြင်းမရှိတာပဲ မိုးဟိန်းမျက်နှာကြောင့်လား။ ခင်သိန်း ကိစ္စမဟုတ်ပေမဲ့ ငိုနေရင်တော့ ခင်သိန်းသနားမိတယ်။
ခင်သိန်းတို့လို ဆင်းရဲသားတွေအဖို့တော့ လူတိုင်းက အပူတွေ ရှိနေစမြဲပါပဲ။ သူ့အပူကိုလည်း ကိုယ်မကယ်နိုင်။ ကိုယ့်အပူကိုလည်း သူမကယ်နိုင်ပါဘူး။ ဒါပေမဲ့ရယ်လို့ ကူညီသင့်သလောက်တော့ ကူညီရမယ်လေ။ နောက်နေ့သူနဲ့ စကားပြောကြည့်ဦးမှပဲ။
----------------------------
YOU ARE READING
လွတ်လပ်ခွင့် ( Uni + Zaw)
Non-Fictionမိန်းမလျာတစ်ယောက်ရဲ့ ဘ၀အခြေနေဖြတ်သန်းပုံ၊ ဖိနှိပ်ခံရပုံတွေကို ရသသဘော ရေးသားထားခြင်းဖြစ်ပါတယ်။