Uni
(အပိုင်း - ၁၉)
မနက်ရောက်တော့ ရိုက်ခံထားရတော့ ပါးက ရောင်ပြီး ကိုက်နေတယ် မရောင်ပဲရှိမလား ၄ချက်တောင် ရိုက်ခံရတာကို လိမ်းဆေးလေးတော့ လူးထားတယ်။ အမေ့ကိုတော့ ရိုက်ခံရတဲ့အကြောင်းတော့မပြောဘူး။ အလုပ်ထွက်ခဲ့တဲ့အကြောင်းတော့ ပြောထားတယ်။
"အမေ ခင်သိန်း အလုပ်ထွက်ခဲ့ပြီ"
"အဆင်မပြေရင် ထွက်ခဲ့ပေါ့အေ"
ဒီလေါက်ပါပဲ အမေလည်း ခင်သိန်း အဆင်မပြေတာ သိပုံရပါတယ်။ တစ်လတောင်မပြည့်ပဲ ထွက်ခဲ့တော့ စိတ်တော့ဘယ်ကောင်းပါ့မလဲ။ဒါမဲ့ မတက်နိုင်ဘူး အမေရယ် ခင်သိန်းစိတ်ပျက်တယ် အဲ့အလုပ်ကို။ ပန်းရံလုပ်တုန်းက တခါမှညည်းညူဖူးတာမဟုတ်ပေမဲ့ ဒီအလုပ်လုပ်နေဆဲတော့ နေ့တ်ိုင်းလိုလိုပူပန်နေရတယ်။ ဒီနေ့ အပြတ်ရှင်းပြီးရင် ပြီးပြီ။
အလုပ်က ၀တ်စုံကို သေချာခေါက်ထည့်ပြီး စန်းညွှန့်အိမ်ကို ခင်သိန်းထွက်ခဲ့တယ်။----------------------------
စန်းညွှန့်အိမ်ရောက်တော့ မိုးဟိန်းရော စန်းညွှန့်ရောပါ ရှိတယ်။ စန်းညွှန့်က မနေ့ကနဲ့ မတူ ဒီနေ့ကျတော့ ခပ်ပြုံးပြုံး။ ပြုံးနေရင် ခင်သိန်းပိုကြောက်တယ်။
သူတို့ထိုင်နေတဲ့ ဧည့်ခန်းထိုင်ခုံမှာပဲ ခင်သိန်း၀င်ထိုင်လိုက်တယ်။ ၀တ်စုံကိုတော့ စားပွဲပေါ်ကိုပဲ ချထားလိုက်တယ်။ သူတို့၂
ယောက်က အလုပ်အကြောင်း ပိုက်ဆံအကြောင်း စကားမစတော့ ခင်သိန်းကပဲ အရင်စကားစလိုက်ရသည်။"ခင်သိန်း အလုပ်ထွက်ဖို့ လာပြောတာပါ။
လစာကိုတော့ သင့်သလိုပါပေးလိုက်ပါ
အကြွေးကိုလည်း ဆပ်နိုင်ရင် တခါတည်း ဆပ်ခဲ့ပါ့မယ်""လစာကိုတော့ အပြည့်ပေးလိုက်မှာပါ။ ၀တ်စုံကိုတော့ ခင်ခင်လေးပဲယူလိုက်ပါတော့ ။ အကြွေးလည်း ချေကြတာပေါ့ ဟင်းဟင်းဟင်း"
အလို ခင်ခင်လေးတဲ့ ။ မနေ့တုန်းက သောက်ခြောက်မ ဆို ။ စန်းညွှန့် နင့်မှာ မျက်နှာဘယ်နှခုရှိနေတာလဲ။ ခင်သိန်းလေ မဲ့ပြီး ဆူနေသူထက် ပြုံးပြီးယုတ်တဲ့သူကို တခါကြုံဖူးပြီးပြီ။
လူတွေက ပြုံးနေပြီး မုန်းနေရင် ပိုကြောက်ဖို့ကောင်းတယ်။ မနေ့က စန်းညွှန့်ပုံစံကို ခင်သိန်းမလန့်ပေမဲ့ ဒီနေ့ စန်းညွှန့်ပုံစံကိုတော့ ခင်သိန်းလန့်နေသည်။
YOU ARE READING
လွတ်လပ်ခွင့် ( Uni + Zaw)
Non-Fictionမိန်းမလျာတစ်ယောက်ရဲ့ ဘ၀အခြေနေဖြတ်သန်းပုံ၊ ဖိနှိပ်ခံရပုံတွေကို ရသသဘော ရေးသားထားခြင်းဖြစ်ပါတယ်။