Uni
(အပိုင်း -၂၈)
"နာမည်က ဘယ်သူလဲ"
"ခင်သိန်းပါ"
"ဟုတ်ကဲ့ ကိုခင်သိန်း နေမကောင်းတာရှိလား"
"နည်းနည်းတော့ ညောင်းတယ် ဆရာ"
"အဲ့ဆို ကျွန်တော် သွေးပေါင်လေးချိန်ပေးပြီးရင် ဆေးထိုးပေးမယ်နော်"
"ဟုတ်ကဲ့ဆရာ"
ဒီထဲက အလုပ်ကြောင့်ညောင်းတာတော့ အမှန်ပဲ။ အပြင်မှာလည်း ပန်းရံလုပ်ဖူးပါတယ် ဒါမဲ့ ဒီထဲကလိုတော့ မဟုတ်ဘူး လွတ်လပ်သေးတာပေါ့။ ဆရာ၀န်ထိုးပေတဲ့ ဆေးလေးကြောင့် ၁ပတ် လောက်တော့ နေထိုင်လို့ကောင်းအုံးမှာပဲ။
"ကိုခင်သိန်း ပိန်တယ်နော်"
"ဗျာ ဟုတ် ဆရာ ခင်သိန်းပိန်သွားတယ်"
"ဒီထဲ နေသားမကျတာလား။ စိတ်ကိုပျော်အောင်နေပါဗျာ အခြေနေမျိုးစုံ ၊ ပုံစံမျိုးစုံနဲ့ ရောက်ရပေမဲ့ တချို့က အပြစ်မရှိပါဘူး။
လူလည်းကျန်းမာအောင်နေပါ ရော့ ဒါက ဆေးတွေပါ။ လိုအပ်တာရှိရင် လာခဲ့ပါ ကျွန်တော်ရှိတယ်။"စကားသံကြားရာ ဆရာ၀န်ကို ကြည့်မ်ိသည်။
ပညာတက် ဆရာ၀န်ဆိုတော့ ရုပ်ရည်ကတော့ အလွန်ချောလှသည်။ သူ့ရဲ့ မျက်နှာက အပြုံးသည် လူနာတွေအား ရင်အေးစေနိုင်သည်။ခင်သိန်းယောက်ျားတွေကို သေချာမကြည့်ရဲတာ အချိန်တော်တော်ကြာနေပြီ။
သူနဲ့ ဆုံတဲ့ယောက်ျားတိုင်းသည် ကောင်းဖွယ်အလျင်းမရှိခဲ့။ ဦးတင်မောင်မှလွဲ၍။ဆရာရဲ့ အားပေးစကားကြောင့် ခင်သိန်းအားရှိသွားတယ်။ ဟုတ်တာပေါ့ အချိန်ပြည့်အောင်ထိ နေရမှာဆိုတော့ အသားကျနေဖို့လိုတယ်။ တကယ်လည်း ခင်သိန်းအသားကျစပြုနေပါပြီ။
သူတို့ကျွေးတဲ့ထမင်းကို စားတက်နေပြီ။
သူတို့ခိုင်းတဲ့အလုပ်ကိုလည်း သေချာလုပ်တက်နေပါပြီ။"ကျေးဇူးတင်ပါတယ် ဆရာ"
_______________________________"ဟျောင့် မင်းလာခဲ့စမ်း"
အလုပ်နားနေချိန် ခင်သိန်းကိုခေါ်နေသည်။ခေါ်သူက တခြားသူတော့မဟုတ် တန်းစည်း။ ဒီနေ့အတွက် ကံဆိုးသူ မောင်ရှင်ကတော့ ခင်သိန်းသာဖြစ်သည်။
YOU ARE READING
လွတ်လပ်ခွင့် ( Uni + Zaw)
Non-Fictionမိန်းမလျာတစ်ယောက်ရဲ့ ဘ၀အခြေနေဖြတ်သန်းပုံ၊ ဖိနှိပ်ခံရပုံတွေကို ရသသဘော ရေးသားထားခြင်းဖြစ်ပါတယ်။