Part - 12( Uni+ Zaw)

10 5 0
                                    

Uni

(အပိုင်း - ၁၂)

ခင်သိန်း အသည်းကွဲပါပြီ ဆိုနေမှ တင်အေး ထပ်ပြောလိုက်တယ့် စကားကြောင့် ခင်သိန်းမှာ အရုပ်ကြိုးပြတ်ဖြစ်ရပြီ။

"မီးသမားက ရုပ်ကလေး ဗန်းပြပြီး ချူစားတာပါဟယ် မျောက်ပြ ဆန်တောင်း ။ မိန်းမက ၂ယောက်ရှိတယ်ဆိုလား။စာရင်းပြထားတာတော့ ၂ယောက်ပေမဲ့ ခိုးစားနေတာက မှိုလိုက်ပေါက်နေရောအေ။ ဟိုတစ်ဆိုဒ်တုန်းက ညည်းမှတ်မိလား အေးမြ  သူဌေးမကို ၀င်ရောတာလေ ဘယ်ပြောကောင်းမလဲ သူဌေးမကလဲ မုဆိုးမ ဆိုတော့ ပိုက်ဆံများ အထပ်လိုက်ပေးတာ ဘာလုပ်ပေးရလဲတော့ မသိပေါင်အေ ။ ထမင်းစားချိန်ဆို အခန်းထဲ၀င်၀င်သွားတာ။ သူဌေးတွေမှ မဟုတ်ဘူး
ချူလို့တယ့်လူ အကုန်ချူတာ။ ယောက်ျားမိန်းမ မခွဲဘူးတဲ့"

အကိုက အဲ့လိုလူမျိုးဟုတ်လို့လား။ သူဌေးမကို ချူသတဲ့။ မိန်းမက ၂ယောက်တောင်ရှိသတဲ့။  မိန်းမတွေ မှိုလိုပေါက်သတဲ့။ ယောက်ျားမိန်းမ မခွဲဘူး ချူသတဲ့။ ခင်သိန်းလဲ ပါသွားသလား။ တင်အေးတို့ အေးမြတို့ကတော့ မဟုတ်တာ မပြောတက်သူတွေ။
အကိုပြောတော့ တက္ကသိုလ်ကျောင်းသားပါဆို ။ မိဘကို လုပ်ကျွေးတယ့်သူ အချင်းချင်း ကူညီချင်တာပါဆို။

"ခင်သိန်း ညည်းနဲ့ ရော နေလို့ ငါတို့က ညည်းကို သတိပေးမလို့ပါအေ ။ ညည်းက ငါတို့ကို သိပ်ကြည်ချင်ပုံမပေါ်လို့ တိတ်တိတ်လေးနေခဲ့ကြတာ။ ဒီကောင်က ရော ရသမျှ အကုန်ရောတာ ငါတို့ကတော့ အရောမခံနိုင်ပါအေ။
အိမ်မှာက ယောက်ျားကငုတ်တုတ်။ အခြားတစ်ယောက်နဲ့ ရော ရမှာ ဝါသနာမပါဘူး။
ညည်းရော ဘာတွေ ပါသွားသေးလဲ"

မအေးမြရယ် အစကတည်း လက်ကုပ်ပြီး ပြောလိုက်ပါတော့လား။ အခုမှ ပြောတော့ ခင်သိန်း ခရီးလွန်သွားပြီ။ မအေးမြအလွန်လည်း မဟုတ်ပါဘူး သူ့စကားထဲမှာ ပါတယ်လေ  ခင်သိန်းမကြည်လို့တဲ့။ ဟုတ်တယ် ခင်သိန်း လင်မွှန်နေတာနဲ့ ညည်းတို့ကို မကြည်ခဲ့ဘူး။ အခုတော့ ခင်သိန်း အကုန်ပါသွားပြီ။
မိနွယ် လုသွားတော့တောင် ဒီ လောက်မဟုတ်။ လုသွားတယ်ဆိုကတည်းက မိနွယ်ရော လိူ့ပဲ ထင်ခဲ့တာ။ဘယ်ဟုတ်မလဲ။
လက်ခုပ်က နှစ်ဖက်တီးမှ မြည်တာ။ အခုက ခင်သိန်းကိုမှ လိမ်ပြီး ထွက်ပြေးတာ။
အမယ်လေး ငါ့ပိုက်ဆံတွေ ၊ငါ့ချွေးနည်းစာလေးတွေ၊ ငါ့အမေ့ဆေးဖိုးတွေ ၊ငါ့ဆန်ဖိုးတွေ၊  ငါ့ပရိုမီနာဖိုးတွေ ကုန်ပြီ ကုန်ပြီ ။ အကုန် ကုန်ပြီ။ အသည်းကွဲတာ မကွဲတာ ခဏထား အသည်းကွဲတာ ထမင်းမငတ်သေးဘူး အခု ဒင်းလုပ်လို့ ထမင်းငတ်ကိန်းဆိုက်ပြီ။ ပန်းရံဆရာ အသုံးတွေ ၊ ဆိုဒ်တစ်ဆိုဒ်ကူးဖို့ အလယ်မှာ ထိုင်စားဖို့ တပြားမှ မရှိတော့ဘူး။ သေချင်းဆိုးရယ် လုပ်ရက်တယ် ငါ့ကိုမှ။

လွတ်လပ်ခွင့် ( Uni + Zaw)Where stories live. Discover now