Part - 24 (Uni + Zaw)

6 5 0
                                    

Uni

(အပိုင်း -၂၄)

ဒီနေ့ ရုံးတင်မဲ့နေ့။
ခင်သိန်းကတော့ အချုပ်ထဲမှာ ကျန်တာ အစ်မလုပ်ပေးလိမ့်မယ်။
မနက် ၁၀နာရီလောက်ကျ အစ်မနဲ့ ရှေ့နေပါလာပြီး ခင်သိန်းကိုထုတ်ပေးတယ်။
ပြီးတာနဲ့ မြို့နယ်တရားရုံးကိုလိုက်သွားကြရသည်။
ခင်သိန်းက တရားခံ ၊ စန်းညွှန့်တို့က တရားလို။ တကယ်ဆို ခင်သိန်းက တရားလိုဖြစ်သင့်တာမဟုတ်ဘူးလား။

တရားရုံးရောက်တော့ ခင်သိန်းကျမ်းကျိန်ရသည်။ အနီရောင်အထုတ်လေးကို လက်နှစ်ဖက်နဲ့ သေချာကိုင်ပြီး ရှေ့နေရွတ်သလို နောက်ကလိုက်ရွတ်ရသည်။
အကျွန်ုပ်သည် ကနေ စပြီး ပြီးတဲ့အထိ ရွတ်သွားရသည့် အရာတွေကဟာ ကြောက်မက်စရာ။ ခင်သိန်းလိမ်လို့မဖြစ် လိမ်လည်းမလိမ်ပါဘူး ခင်သိန်းအရှိကို အရှိတိုင်းပဲ ပြောတက်တာပါ။

ခင်သိန်းကို စန်းညွှန့်တို့ ရှေ့နေကြီးက စစ်မေးတယ်။ ခင်သိန်းကို ရိုက်ခဲ့လားတဲ့။ ရိုက်ခဲ့တယ်ပေါ့ အမှန်ပဲလေ။
ခင်သိန်းကို မေးလိုက် စန်းညွှန့်ကိုမေးလိုက်နဲ့
တရားခွင်က နောက်အပတ်မှ စီရင်ချက်ချမယ်တဲ့။ ဒီရုံးတင်တဲ့အထဲမှာလည်း ခင်သိန်း စော်ကားခံရတာမပါ။ ခင်သိန်းကိူယ်တိုင်လည်းထုတ်မပြောခဲ့ပါဘူး။ ပြောလည်းယုံကြမှာမှ မဟုတ်တာ အဲဒါကြောင့် သူ့တို့ဇာတ်ထဲပဲ ကိုယ်က လူကြမ်းအဖြစ်ခံလိုက်တော့တယ်။
----------------------------

"မင်းထမင်းစားဘူးလား"

အိမ်ပြန်ရောက်တော့ အိပ်ချင်တာနဲ့ အိပ်ယာထဲ လှဲနေလိုက်တာ။ အမေလှမ်းအော်မှ နိုးလာတော့တယ်။ ခင်သိန်း တကယ်ဆို စားချင်စိတ်မရှိဘူး။ နေချင်စိတ်လည်း မရှိတော့ဘူး။
တကယ်ပင်ပန်းနေပြီ။ အမေ့ကြောင့်သာ ခင်သိန်း တောင့်ခံနိုင်တာ ခင်သိန်း တကိုယ်တည်းသာဆို တစ်ခုခုလုပ်မိမှာ။

သေဆုံးခြင်းက အဖြေမဟုတ်မှန်းတော့ ခင်သိန်းပါတယ်။ ခင်သိန်းလို့ လူမျိုးကို ဘယ်သူက လာနှစ်သိမ့်မှာလဲ။ ဘယ်သူက အားပေးမှာလဲ။လူဆိုတာ တစ်ယောက်တည်းမွေးဖွားပြီး တစ်ယောက်တည်းပဲ ထွက်ခွါသွားကြရမှာပါပဲ။ ဒုက္ခတွေကိုလည်း တစ်ဦးတည်းသာ ခံရမှာ ဖြစ်ပြီး၊ သုခတွေကိုလည်း တစ်ဦးတည်းသာ စံရမယ်ဖြစ်သည်။ခင်သိန်းဘ၀တစ်လျှောက် ဒုက္ခတွေကိုသာ ရင်စည်းခံရနေတာ သုခ စံစားဖို့အချိန်တော့ စောင့်ရအုံးမှာပေါ့။ ဒုက္ခပဲ ခံပြီး ဘ၀ဆုံးဖို့ဆိုတာတော့ မဖြစ်နိုင် မလုပ်နိုင်ဘူး။လောက တရားမျှတအောင်ပေးထားပါတယ်။ ဒုက္ခပြီးရင် သုခ လာရမှာ။ ရယ်ပြီးရင် ငိုရမှာ။
အခုအချိန်ကတော့ ခင်သိန်း ငိုရမဲ့အလှည့်လား။ ဒုက္ခခံရမယ့်အလှည့်လား။
ခင်သိန်းကို ငိုအောင် ဒုက္ခရောက်အောင် လုပ်တဲ့သူတွေကတော့ ဒီချိန် ပြုံးပြုံးကြီး ရယ်ထားစမ်း ပျော်ထားစမ်းပါ။ အလှည့်ကျ မနွဲ့စတမ်း။

လွတ်လပ်ခွင့် ( Uni + Zaw)Where stories live. Discover now