လွတ်လပ်ခွင့်(အပိုင်း-၁)
* * *
(Uni)"အခြောက်ကြီး ..."
"ရှောက်သီးဆေးပြား ပါလားဗျို့..."
"အခြောက်မ ဖင်ဆုံကြီး မြင်းလုပ်လို့စီး..."
အို ကလေးတွေ တော်တော်ခက်ပါ့လား။
အလုပ်သိမ်းတာ နောက်ကျလို့ မြန်မြန်လျှောက်ရပါမယ်ဆိုမှ ဒင်းတို့တွေက တမှောက်။ အိမ်မှာ အမေက မျှော်နေလိုက်ပြီ။
ဒီစနောက်တဲ့ အသံတွေက ခင်သိန်း နားယဥ်နေပါပြီ။ မမုတော့ပါဘူး။ဟုတ်တယ် ကျွန်မ နာမည်ခင်သိန်းပဲ အဖေနဲ့ အမေကတော့ ကျော်သိန်းတဲ့ အီးးဘယ်လိုယောက်ျားဆန်တဲ့ နာမည်ကြီးလဲ ခင်သိန်းမကြိုက်ပါဘူး။ အဲ့တော့ ကျောင်းတက်ကတည်းက ခင်သိန်းပဲ။ တရားခွင်တွေ မှတ်ပုံတင်တွေ မသိဘူး မသိဘူး။ ကျောင်းစာအုပ်ကအစ အခု လူတွေ့ရဲ့ ပါးစပ်ကနေ ခေါ်ရင် ခင်သိန်းလို့ခေါ်မှ ထူးတယ်။ ကျော်သိန်းဆို လှည့်တောင်မကြည့်ပေါင်။
အခုလဲ ပန်းရံ့ဆရာက ကျော်သိန်းတဲ့ ။ ပိုက်ဆံရှင်းရမဲ့ ရက်မို့ အောင့်အီးပြီး ထလိုက်ပါတယ်။ မဟုတ်ရင် အမေ့ဆေးဖိုးလေးနဲ့ ဆန်ဖိုးလေးက ပလုံသွားမှာလေ။
အမေမျက်စဥ်းဆေးကလဲ စျေးတက်ကုန်ပြီ။
ဆန်ဆေးကလဲတက်ကရော။ အမေရေ ခင်သိန်း အူချာပေါက်နေပါရောလား။
ဒါမဲ့ မငြီးငြူပါဘူး။ အမေတောင် အဖေက ပစ် သမီးတွေက ပစ်သွားတာတောင် မိန်းမလျာဖြစ်နေတဲ့ ခင်သိန်းကို စျေးရောင်းပြီး ၁၀တန်းပြီးအောင် ကျောင်းထားခဲ့တာ။
အဲ့ကျေးဇူးတွေရှိသေးတယ်။
နေပူမရှောင် မိုးရွာလဲ မရှောင် စျေးထွက်နေတော့ အမေ့မျက်လုံးတွေကို အပူခိုးဟက်သလား တိမ်ဖုံးသလားတော့ မပြောတတ်။အမေက မယားငယ်ဆိုတော့ အဖေဆိုတဲ့လူကြီးက ကလေး၃ယောက်ရမှ ပစ်သွားတယ်လေ။သူ့မိန်းမ မယားကြီးဆီပြန်တာပေါ့။ အစ်မတွေကတော့ ဒုက္ခမခံချင်ရှာဘူးထင်ပါရဲ့ ။ "အမေ့သားက ခြောက်နေတာ ရှက်တယ်" ဆိုတဲ့ ရမန်ရှာပြီး ပြေးတော့
ကိုယ့်မှာ အမေနဲ့ ၂ပါးသွားကပြီးလုပ်ကျွေးနေရတာ လက်တွေမှာ အသားမာတွေပါ ထွက်ရောပေါ့။ ၁၀တန်းလေး ဖြေပြီး ကြုံရာ ၀င်တိုးတဲ့အလုပ်၀င်လုပ်ရတာပါပဲ။ သူများ မိန်းမလျာတွေလို တို့ကနဲ ဆိတ်ကနဲ နဲ့လုပ်နေလို့မရဘူး။ လုပ်တဲ့အလုပ်ကလဲ ပန်းရံလေ
ပန်းရံပေသိ လုပ်ရတဲ့နေရာက ယောက်ျားနေရာ ရတဲ့ ပိုက်ဆံကကျ မိန်းမပိုက်ဆံ။
အဲဒါကို အတွန့်တက်ပြီး ဒေါကန်ပြတော့
သေနာကြီးက "ဟ ခင်သိန်းလေးက မိန်းကလေးပါကွ" ဆိုပြီး ဝေ့လည်ကြောင်ပတ်လုပ်သွားတယ်။
ထားလိုက်ပါ ငါကလဲ မိန်းမပဲလေ။
YOU ARE READING
လွတ်လပ်ခွင့် ( Uni + Zaw)
Non-Fictionမိန်းမလျာတစ်ယောက်ရဲ့ ဘ၀အခြေနေဖြတ်သန်းပုံ၊ ဖိနှိပ်ခံရပုံတွေကို ရသသဘော ရေးသားထားခြင်းဖြစ်ပါတယ်။