Uni
(အပိုင်း - ၇ )
* * *
အလုပ်ထဲလည်း ပျော်ပျော်ရွင်ရွင် ရယ်ရယ်မောမောပါပဲ။ ဇာတ်ကားအကြောင်းပြောကြ ၊ အတင်းလေးပြောကြနဲ့ အလုပ်ထဲတော့ ခင်သိန်း ပျော်နေတက်တယ်။ ဟိုကောင်မတွေ တင်အေးတို့ အေးမြတို့ကလည်း အလုပ်သမားဘ၀တူတွေမို့ ခင်ဖို့ကောင်းလှတယ်။ဟိုနေ့က ဇာတ်ကားအကြောင်းပြောပြတော့ မျက်လုံးအဝိုင်းသားနဲ့ နားထောင်ကြတယ်။ ခင်သိန်းက ဆရာမကြီးလုပ်လို့ပေါ့။ဇာတ်လမ်း ဇာတ်ကွက်တွေကို သူတို့ပါ မြင်အောင် ပြောပြရတယ်။သူတို့လဲ ကိုယ့်လို သူများအိမ်မှာ လက်တို လက်တောင်းလုပ်ပြီး ပြထားတာ ထိုင်ကြည့်ရတဲ့သူတွေလေ...။ခင်သိန်းတို့အလုပ်လုပ်နေတာက တိုက်ရှေ့ တိုက်က အချောကိုင်ဖို့ပဲ ကျန်တော့တာပါ။ ဒါမဲ့တိုက်ထဲက မျက်လုံးအစုံကတော့ ခင်သိန်းကိုကြည့်နေတာ ခင်သိန်းရင်ကို တမျိုးလေးပဲ။ မီးသမား အသစ်လေး ငယ်ငယ်ရွယ်ရွယ် ချောချောလေး။ သွားတက်လေးက ပြေတီဦးနဲ့ တောင်တူသေးတယ်။ အကြည့်တွေက ခင်သိန်းရင်ခုန်တာပေါ့။ ၁၈နှစ်တောင်ရှိနေပြီ ရင်ခုန်တက်ပြီပေါ့။ လေတိုက်ရင်တောင် ရင်ခုန်တဲ့အရွယ်ပဲလေ။ ရင်ခုန်ချင်တာပေါ့ အခြောက်မလည်း အသည်းနဲ့ပဲကိုး။မိန်းမတွေလည်း ချစ်တက်တယ် ယောက်ျားတွေလည်းချစ်တက်တယ်
အခြောက်မတွေလည်း ချစ်တက်ပါတယ်။
နွဲ့နေလို့ မချစ်ရဘူးတဲ့လား ဘယ်သူပြဌာန်းထားလို့လဲ။
အခုလဲကြည့်နေပြန်ပြီ။
မိခင်သိန်း ဣန္ဒြေထိန်းစမ်း။လက်ဖက်ရည်သောက် နားချိန်ကျတော့လည်း ခင်သိန်းအနားလာထိုင်နေတာ။ သူ့လက်ဖက်ရည်တောင် ခင်သိန်းကို တိုက်ပြီးစကားလာပြောသေးတယ်။
"ခင်သိန်း သောက်လေတဲ့"
ခင်သိန်းရှက်ပြုံးလေးနဲ့ပဲ ခေါင်းငြိမ့်မိတယ်။
ခင်သိန်းနာမည်ကိုတောင် သူသိနေတယ်။
သောက်မှာပေါ့ ကိုယ်လူချောရဲ့ စိတ်ချ သောက်မှာ။ခင်သိန်းလဲ သူ့နာမည်သိထားအုံးမှလေ မေးကြည့်တော့"ဇင်မင်းခန့်"တဲ့ ။ နာမည်ဖြေရင်း ခင်သိန်းခေါင်းလေးကို ပုတ်လိုက်သေးတာ။ခင်သိန်းထက်တော့ အသက်ကြီးမယ်ထင်တယ်။
အသက်ပိုကြီးတော့လဲ ကိုကိုပေါ့။
YOU ARE READING
လွတ်လပ်ခွင့် ( Uni + Zaw)
Non-Fictionမိန်းမလျာတစ်ယောက်ရဲ့ ဘ၀အခြေနေဖြတ်သန်းပုံ၊ ဖိနှိပ်ခံရပုံတွေကို ရသသဘော ရေးသားထားခြင်းဖြစ်ပါတယ်။