Uni
(အပိုင်း - ၁၈)
မကြာပါဘူး ဇွဲမောင်ဆိုတဲ့ ကောင်လေးလည်း မ်ိုးဟိန်းနဲ့ ပြဿနာတက်ပြီး အလုပ်ကထွက်သွားတယ်။ ဘာပြဿနာရယ်လို့တော့ ခင်သိန်းလည်း သေချာမသိပါ။ ဇွဲမောင် ထွက်သွားတော့ ကောင်မလေး ၂ယောက်ကို စန်းညွှန့်ခေါ်လာပြန်တယ်။ ဇွဲမောင် လို ဘ၀တူတွေလာတော့မသိဘူး။ ကောင်မလေးတွေက တော့ အနေထိုင်မတက်ကြဘူး။ ဘာပဲဖြစ်ဖြစ် ဇွဲမောင်ပြောပြလို့ ခင်သိန်းလည်း သတ်ိကြီးကြီးထားနေရတယ်။ နောက်ပြီး
သူတို့ စကားတွေလည်း ခင်သိန်း နားလည်စပြုနေပါပြီ။
(အကင်းဆိုတာ အပျို၊ လူပျိုကိုပြောတာ ။ ညပွဲရှိတယ်ဆိုတာ ညကျ အိပ်ရမယ်လို့ပြောတာ။)ခင်သိန်း ဒီတစ်လပြီးရင် အလုပ်ထွက်မယ်လို့ စဥ်းစားပြီးပြီ။ ဒီလို နေရာမှာ ခင်သိန်းနေရတာ တကယ်ကျဥ်းကြပ်တယ်။ ဆိုင်ကလူတွေကတော့ ပျော်မွှေ့နေကြပြီ။ ကြပ်တည်းမှုကနေ ဒီလိုဘ၀ရောက်ခဲ့ကြတဲ့ သူတို့တွေ။ ပျော်လားမေးကြည့် ဘယ်သူကမှ ပျော်တယ်လို့ဖြေကြမှာမဟုတ်ဘူး။ နွံ့ထဲ နစ်ခံရပြီးတော့ တန်ဖိုးရှိတဲ့ပန်းအဖြစ် လူပုံအလည်မှာ ဝံံ့မကြားနိုင်တော့ပဲ နွံ့ထဲမှာပဲ ပျော်မွေ့နေကြရတော့တာ။ ယောက်ျားတကာရဲ့ ဆန္ဒတွေကို အလိုမတူပါပဲ ပိုက်ဆံမျက်နှာသာကြည့်ပြီး ပေးဆပ်နေကြတာ။ ခင်သိန်းဘ၀လည်း ဘာထူးလဲ လူတကာရဲ့ ရွံ့ရှာမှု ၊ နောက်ပြောင်မှုကို ခါးစည်းခံခဲ့ရတာ နောက်တော့ ဒီရွံ့ရှာမှုတွေ နှိပ်ချမှုတွေကြားနေသားကျသွားတာပါပဲ။ အခြေနေမတူပေမဲ့လည်း ခံစားရတဲ့ခံစားချက်တွေက အတူတူပဲ။
----------------------------
"ဟေ့ တင်လေးက လုံးနေတာပဲကွာ တောက်စ်"
"ခဗျားဘာလုပ်တာလဲ " ခင်သိန်း ထိုလူရဲ့လက်ကို ရိုက်ဖယ်ပစ်လိုက်သည်။ လုပ်နေတာက ဟန်ပြ ဘီယာဆိုင်ဆိုတော့ ဒီလိုလူတွေ ခင်သိန်းကြုံခဲ့ရပြီ။ ပိုက်ဆံပစ်ပေးရင် ရပါတယ်ကွာ ဆိုတဲ့လူမျိုးတွေ ။
"ကိုင်ခ ဘယ်လောက်လိုလဲပြော"
"န့င်အမေကို လိုတာဟေ့"
ခင်သိန်း ဒေါသနဲ့အော်တော့ ခုဏက ငမူးကထလာပြီး ခင်သိန်းကို ထထိုးတယ်။
ဆိုင်ထဲကနေ စန်းညွှန့်ထွက်လာပြီး ငမူးကိုတောင်းပန်ခိုင်းတယ်။

YOU ARE READING
လွတ်လပ်ခွင့် ( Uni + Zaw)
Literatura Faktuမိန်းမလျာတစ်ယောက်ရဲ့ ဘ၀အခြေနေဖြတ်သန်းပုံ၊ ဖိနှိပ်ခံရပုံတွေကို ရသသဘော ရေးသားထားခြင်းဖြစ်ပါတယ်။