Uni
(အပိုင်း - ၁၅)
ခင်သိန်း ငွေသာယူလိုက်ရပေမဲ့ စိတ်ထဲမှာတော့ မသိုးမသန့် ဖြစ်နေတယ်။ ဒါပေမယ့် ဒီငွေကြောင့် ခင်သိန်းတို့ အဆင်ပြေသွားတာတော့ အမှန်ပင်။ ငွေရရပြီးချင်း အမေ့ကို ဆေးခန်းပြလိုက်တယ်။ နောက်ပြီး ဆန်၀ယ် ၊ ဆီ၀ယ် ၊ လိုအပ်တာတွေ အကုန်၀ယ်နဲ့ နောက်ပြီး ဒေါ်ရွှေမြင့်ပိုက်ဆံပါ ဆပ်လိုက်တာ လက်ထဲ ၇ထောင်လောက်ပဲ ကျန်တော့တယ်။ အဓိကက အမေ ၊ အမေ့ကျန်းမာရေးနဲ့ ဆန်ရှိရင် ဖြစ်တယ်။ ဟင်းဆိုတာက ဆားဖြူးစားလည်း ရသေးတယ်။ရပါတယ် ဆိုဒ်ကပြန်ခေါ်ရင် လက်ထဲငွေပေါ်ပြီပဲကို။ ကြားထဲတော့ အရေးပေါ်သုံးစရာလေးရအောင် ခင်သိန်း ဒေါ်ရွှေမြင့်တို့အိမ် အ၀တ်လိုက်လျှော်မယ်။
သူဌေးတွေများ ကြံကြံဖန်ဖန် ကိုယ့်အ၀တ်တောင် ကိုယ်မလျှော်၀တ်ကြဘူးနော်။ အငှါးနဲ့ လျှော်ခိုင်းတာ။ တစ်ခုတော့ ကျေးဇူးတင်ရမယ် သူတို့ပျင်းလို့လား မအားလို့လား ရယ်မသိ ဒါပေမဲ့ ခင်သိန်းတို့ ပိုက်ဆံရတာပေါ့။ဒေါ်ရွှေမြင့်အိမ် အ၀တ်လျှော်ရတာ သိပ်တော့ မမြတ်လှဘူး။ အရင်က ၀င်ထွက်နေတဲ့ အိမ်ဆိုတော့ မျက်နှာသိ စျေးမရောင်းနဲ့ ဆိုသလ်ိုပဲ။"
ညည်းအေ လျော့ပါအုံး ၊ ဒါလေးတော့ အပိုလျှော်ပေးပါအုံး နဲ့" တစ်ထည် ၅၀တောင် ကပ်စေးကုပ်ချင်နေတာ။တော်ပါသေးရဲ့ သူ့အိမ်က ရေစက်ရှိတော့ ရေဖိုးတော့မကုန်ဘူးလေ။ မဟုတ်ရင် ရေဖိုးစိုက်ရ ဆပ်ပြာဖိုးကုန်ရနဲ့ တစ်ထည် ၅၀နဲ့ မကာမိဘူး အိတ်စိုက်ရမဲ့ အဖြစ်။ ယောက်ျားအတွင်းခံ ၊ မိန်းမ အတွင်းခံအင်္ကျီတွေတောင် ခင်သိန်းလျှော်ရတယ်။ ထဘီတွေကလည်း အမြဲပဲ။
သူတို့က ပိုက်ဆံပေးထားတာပဲ ခင်သိန်းလျှော်ပါတယ်။ ဒေါ်ရွှေမြင့်ဆိုတာကလည်း အမေ့နဲ့ ရွယ်တူနီးနီးဆိုတော့ ခင်သိန်း ကုသိုလ်ရတယ်လို့ပဲ တွေးပါတယ်။==============================
တစ်ပတ်တောင်ကျော်နေပြီ ခင်သိန်းကို ပန်းရံဆရာ လာမခေါ်သေးဘူး။ အရင်က ဒီ လောက်မကြာပါဘူး။ အလွန်ဆုံးစောင့်ရ ၅ရက်ပေါ့ ။ အခုက စောင့်ရင်း စောင့်ရင်းနဲ့
တစ်ပတ်ကျော်လာပြီ။ ဆိုဒ်မရှိလို့လား ခင်သိန်းကို မခေါ်ချင်လို့များလား။
ခင်သိန်း အ၀တ်လိုက်လျှော်တာ ပိုက်ဆံရတာမှန်ပါတယ်။ တစ်ရက်မှ ၁၅၀၀ရဖို့ကို လက်ပြုတ်မတက်လျှော်ရတာ။ ဟင်းဖိုးလေး စျေးဖိုးလေးရတာ မှန်ပေမဲ့ အကြွေးတွေက ကျန်သေးတယ်လေ။ ဟိုနေ့က လက်ထဲ သုံးစရာမရှိတော့လို့ စန်းညွှန့်ဆီ နောက်ထပ် ၂သောင်းထပ်ဆွဲလာရသေးတယ်။ အလုပ်လာခေါ်မှာကို စောင့်ရင်း စန်းညွှန့်ပြောစကားက နားထဲ၀င်၀င်လာတယ်။
YOU ARE READING
လွတ်လပ်ခွင့် ( Uni + Zaw)
Non-Fictionမိန်းမလျာတစ်ယောက်ရဲ့ ဘ၀အခြေနေဖြတ်သန်းပုံ၊ ဖိနှိပ်ခံရပုံတွေကို ရသသဘော ရေးသားထားခြင်းဖြစ်ပါတယ်။