Uni
(အပိုင်း- ၉ )
* * *
အကိုနဲ့တွေ့ပြီး ၅ရက်လောက်မှာ ရည်းစားတွေ ဖြစ်ခဲ့တယ်။ အကိုက နေ့တိုင်း အလုပ်သွားမယ့် အချိန် စက်ဘီးနဲ့ စောင့်တက်တယ်။
အပြန်ကတော့ အတူတူပေါ့။အလုပ်ပိတ်ရက်ဆိုရင်တော့ အကိုနဲ့ တခါတလေ လည်ကြတယ်။ ရွှေဘုန်းရောင် ဘုရားဖြစ်ဖြစ်၊ ပန်းခြံထဲဖြစ်ဖြစ် ၊ လူကွယ်ရာဆို အကိုက လက်လေးလာလာကိုင်တယ်။ ချိန်းဖို့ဆိုတာ ကလည်း အလွယ်လေး အဖိတ်နေ့ညနေ အလုပ်ပြန်ရင် ခင်သိန်းကို မနက်ဖြန် ဘယ်နှနာရီ မှာ ဒီနေရာထွက်ခဲ့ဆိုပြီး ကြိုမှာထားလိုက် ၊ အကိုက အဲ့မှာ စောင့်နေတာ ပြီးတော့ လျှောက်လည်ကြတာလေ လွယ်ပါ့။ အမေအတွက်က စိတ်မပူရပါဘူး နေ့လည်နေ့ခင်းအိပ်တဲ့ချိန် ထွက်လာတာ ။ခင်သိန်းရင်ခုန်လိုက်တာ အကိုရယ်။ ခိုးချစ်ရတာလည်း တမျိုးရင်ခုန်စရာကောင်းတယ်။အလုပ်ထဲမှာတော့ အလုပ်လုပ်တဲ့အချိန်လေးပဲ ခွဲတယ်။ အလုပ်လုပ်တဲ့အချိန်မှာတောင်
"မင်းနဲ့မှ ချစ်တက်ပြီပေါ့ "ဆိုပြီး
ခင်သိန်းကိုကြည့်ပြီး သီချင်းအော် အော်ဆိုတက်တယ်။ အဲ့လိုဆို ခင်သိန်းမှာ မျက်နှာထားစရာမရှိဘူး ရှက်လိုက်တာ။
လူတွေသိကုန်ရင် ဘယ်လိုလုပ်မလဲ။နားတဲ့အချိန်ဆိုရင်လည်း ခင်သိန်းနဲ့ လာ လာတွေ့နေတာပါပဲ။
တင်အေးတို့ အေးမြတို့ကတော့ ခင်သိန်းကို သိပ်ပြီး ကြည်ချင်ပုံမပေါ်။ ဘာကြောင့်ရယ်မသိဘူး။ ခင်သိန်းတို့အကြောင်းကို သိနေသလိုပဲ။ ခင်သိန်းမူမမှန်လို့နေမှာပါ။
သိလည်း သိပေါ့။ အကိုပြောသလိုပဲ ပတ်၀န်းကျင်ကို ဂရုမစိုက်ပါဘူး။"ခင်သိန်းရယ် အကို ကွမ်းယာလေးစားချင်လို့
အဲ့ဒါ အကိုက ပိုက်ဆံပါမလာလို့ "ဒါဆို ခင်သိန်းသဘောပေါက်ပြီ။ ကွမ်းယာစားချင်လို့ ခင်သိန်းကို ပိုက်ဆံတောင်းတာ။
ခင်သိန်းပေးမှာပေါ့။
အဲ့လိုအကိုက တခါတလေ ခင်သိန်းကို ကွမ်း
ယာဖိုးလေး၊ ဆေးလိပ်ဖိုးလေးတွေ လာလာတောင်းတက်တယ်။ ခဏခဏ ဆိုတော့ ခင်သိန်း တစ်ရက်ကို ၅၀၀လောက်ကို ကျွတ်တယ်။ အို... ကုန်စမ်းပါစေ ။ သူစိမ်းကို ၀ယ်ကျွေးတာမှ မဟုတ်တာ ကိုယ့်ရဲ့ချစ်သူကို ကျွေးတာပဲ ဘာနှမြောစရာရှိလဲ။ ခင်သိန်း ပရိုမီနာဖိုးတွေ နှုတ်ခမ်းနီီဖိုးတွေပါ ခင်သိန်းမ၀ယ်လည်းရတယ်။ အကို မငြိုငြင်ရင်ပြီးတာပဲ။
_______________________________

YOU ARE READING
လွတ်လပ်ခွင့် ( Uni + Zaw)
Nonfiksiမိန်းမလျာတစ်ယောက်ရဲ့ ဘ၀အခြေနေဖြတ်သန်းပုံ၊ ဖိနှိပ်ခံရပုံတွေကို ရသသဘော ရေးသားထားခြင်းဖြစ်ပါတယ်။