Uni
(အပိုင်း - ၂၂)
ခင်သိန်းပြောပြတာကို အမေကလွဲ၍ ဘယ်သူမှမယုံကြဘူး။ ဟိုခွေးနှစ်ကောင်ပြောတာကိုကျ အားလုံးကယုံကြတယ်။ ငွေနဲ့ အစွယ်ကိုဖုံးလိုက်ကြတာလား၊ ငွေမျက်နှာကြောင့် ဝိုင်းဖုံးပေးလိုက်ကြတာလား။
"ခဗျား သူတို့ကို လျော်ပေးသင့်တယ်။ ဒီမှါကွဲပြဲထားတာလေ"
"ဟုတ်တယ် ဟုတ်တယ်"
"ဒါဆို ခင်သိန်းက ဘယ်လောက်လျော်ရမှာလဲ"
"ဆယ်သိန်း"
"ဘာ"
"ဆယ်သိန်း "ဆိုတဲ့ အသံက ရဲကြီးဆီက ထွက်လာတာမဟုတ် မိုးဟိန်းပါးစပ်ကထွက်လာခြင်းသာဖြစ်သည်။ "ဘာ "ဆိုတဲ့ အသံကတော့ ခင်သိန်းအသံသာ။
လူတစ်ယောက်လုံးကို ခွေးကျင့် ကျင့်ပြီး သူတို့ကို ဆယ်သိန်းပြန်လျော်ရမယ်။ လျော်ရမဲ့ ငွေကလည်း ခင်သိန်းထဲမှာ ဘယ်လိုလုပ်ရှိမှာလဲ။ အဲလောက်ငွေကိုမြင်တောင်မမြင်ဖူးခဲ့ဘူး။"ခင်သိန်း မလျော်နိုင်ဘူး"
"မလျော်နိုင်ရင် အမှုဖွင့်မှာ ၊ ရုံးတင်မှာ"
"အို ...အမှု ဖွင့်ရုံမကလို့ သမ္မတဆီတိုင်တိုင် ဒီမှါ စန်းညွှန့် နင်ဘယ်ထိသွားမှာလဲ နောက်ကလေ နောက်ခဲ့ရုံပဲ၊ ထ အမေ ပြန်ရအောင်"
"ခဏ နေဦးလေ ခဗျားကို မစစ်ဆေးရသေးဘူးလေ"
သြော် ပြောပြနေတုန်းက တဟားဟားနဲ့ရယ်နေပြီး ပြန်မယ်ဆိုမှ စစ်ဆေးဦးမယ်တဲ့။
ဒင်းလည်း ခွေးနဲ့မခြားဘူး။"ခင်သိန်းပြောပြတာကိုရော ဘယ်သူက ယုံလို့လဲ သူတို့ကိုသာ စစ်လိုက်ပါ ရဲမှုးကြီး၊ "
ခင်သိန်းအမေကို ထူပြီး ပြန်ဖို့ပြင်လိုက်တော့တယ်။ နှစ်ဦးနှစ်ဖက်ကို စစ်မေးတယ်ဆိုဦးတော့ ပြောသမျှကို လက်မခံပဲ တစ်ဖက်တည်း မှန်တယ် တွက်နေတာ မျက်နှာကြီးရာ ဟင်းဖက်ပါသလား။ ခင်သိန်းက မိန်းမလျာမို့
ဘယ်အရာနေနေ မှားရတာလား ။ ရုံးတင်လည်း ခင်သိန်းမကြောက်တော့ဘူး ။ ခင်သိန်းအမှားမှ မဟုတ်တာ ရုံးတင်ရင် အဖြေပေါ်မှာပဲ။ မလွဲသာလို့ ထောင်တန်းကျရင်တောင် ဘာကြောက်စရာရှိလဲ ဒါမဲ့ စိတ်ပူတာက အမေ ခင်သိန်းမရှိတော့ရင် အမေဖြစ်ပါ့မလား။
YOU ARE READING
လွတ်လပ်ခွင့် ( Uni + Zaw)
No Ficciónမိန်းမလျာတစ်ယောက်ရဲ့ ဘ၀အခြေနေဖြတ်သန်းပုံ၊ ဖိနှိပ်ခံရပုံတွေကို ရသသဘော ရေးသားထားခြင်းဖြစ်ပါတယ်။