Part-8(Uni+ Zaw)

9 7 0
                                    

Uni

                     (အပိုင်း- ၈ )

                       *     *     *

"သူ့မျက်နှာ တစိမ့်စိမ့်ကြည့်ကာ ...တသိမ့်သိမ့်အချစ်တွေ လှုပ်ခတ်လို့လာ ...သူ့အပြုံးတွေ ငေးကာငေးမှိုင်ကာ...တသိမ့်သိမ့် အချစ်တွေပိုလာ...
သူ့မျက်လုံးများနဲ့ ဆုံရင် ရှိုက်ခါမော... လှိုက်ဖြာသော အား..ကိုး တိုးတိုးချစ်ကာ.. မြတ်နိုးချစ်သဒ္ဓာ မိုးတွေ ဆွေရွာ... သူ့ဟာလေ မေ့အတွက်ဆို တသိမ့်သိမ့်သူပါ....။"

ခင်သိန်း သီချင်းလေး တညည်းညည်းဖြင့် အလုပ်ကိုထွက်လာခဲ့သည်။ မနေ့က ညနေ အိမ်ပြန်ရောက်ကတည်းက သီချင်းတညည်းညည်း စိတ်ကူးတယဥ်ယဥ်နဲ့လေ။ ထမင်းစားတုန်းတောင် ညည်းနေလို့ အမေက
"ထမင်းစားတုန်း သီချင်းမဆိုရဘူး "ဆိုပြီး
၀င်ငေါက်ရတဲ့အထိပဲ။ တီဗွီတောင်သွားမကြည့်နိုင်ဘူး ။ ကောင်းကင်ကြီးကို ငေးပြီး
တွေးနေတာ။ လလေးကသာ ကြယ်လေးတွေက ရောင်စုံနဲ့ အိပ်တော့လည်း တကျိုးတည်း။
မနက်ထတော့လည်း ပျော်ပျော်ရွင်ရွင် ကြည်ကြည်လင်လင်ပဲ။

"ဟိုရှေ့က အကို မလား"

မနော်ဟရီလမ်းထောင့်နားမှာ စက်ဘီးနဲ့ ရပ်စောင့်နေတာ။ အကို ဘယ်သူ့ကိုစောင့်နေတာပါလိမ့်။
ဟော လက်ပြပြီးခေါ်နေတယ်။ ဒါဆို ခင်သိန်းကိုပေါ့ ။ အပြန်လိုက်ရတာတောင် အားနာလှပါပြီ ။ အခုက အသွားရော လိုက်ရတော့မယ်။

ခင်သိန်း စက်ဘီးနား အပြေးသွားပြီး ရပ်လိုက်တယ်။ အကိုက တော့ ပြုံးပြီးကြည့်နေတယ်။ မလိုက်တော့ပါဘူး ငြင်းတော့ အကိုက
"ကူညီတာပါ ခင်သိန်းတစ်ယောက်တည်းစိတ်မချလို့ပါ နောက်ပြီးဆိုဒ်ကလဲတူတူပါပဲ"တဲ့
စကားတက်လိုက်တဲ့ ကိုယ်လူချောနော်။ တကယ်တမ်းတော့ ခင်သိန်းမူလိုက်တာပါ ကိုယ်က မိန်းကလေးလေ  ဣန္ဒြေထိန်းရမှာပေါ့ ။ အမှန်ဆို ခင်သိန်း လိုက်ချင်တာပေါ့ အလုပ်က နီးသေးတယ် အကိုနဲ့ဆိုရင် မြန်မာပြည်အနှံ့ အဝေးကြီးထိ ခင်သိန်းက အကို့စက်ဘီးနဲ့ လည်ချင်သေးတာ။

ခင်သိန်း ၂ခါ မငြင်းတော့ပါဘူး။ နဂိုထဲက လိုက်ချင်နေတာကိုး။ စက်ဘီးပေါ် စွေ့ကနဲ တက်လိုက်ပြီး အကိုခေါ်ဆောင်ရာ လိုက်လာခဲ့တယ်။
_______________________________

လွတ်လပ်ခွင့် ( Uni + Zaw)Where stories live. Discover now