Part- 25 (Uni + Zaw)

4 2 0
                                    

Uni

(အပိုင်း - ၂၅)

ခင်သိန်းကို အမ်ိန့်ချပြီးပြီးခြင်း အိုးဘိုထောင်ကိုပို့လိုက်ကြသည်။ အမေကတော့ ရှိုက်ကြီးတငင်ငိုနေတာ ။ အစ်မလတ်ကတော့ အမေ့ကို စိတ်မပူဖို့နဲ့ အဆင်ပြေ​အောင်နေဖို့ပဲမှာခဲ့တယ်။ သူလည်း စိတ်ကောင်းမှာတော့ မဟုတ်ဘူး။

စန်းညွှန့်...စန်းညွှန့် ငါထွက်လာရင် နင့်သွေးနဲ့ ငါရေချိုးပြီး ထောင်ထဲပြန်၀င်ပြမယ် စောင့်ကြည့်။

ထောင်ကျပြီ ဆိုကတည်းက ခင်သိန်း သိပ်ပြီး တွေးမပူတော့ဘူး။ ဟိုးအနက်ဆုံးထိ ကျပြီးပြီပဲ စိတ်အေးအေးထားပြီး နေဖို့ပဲ ကျင့်ရတော့မယ်။ အမေ့ကိုလည်း စိတ်မပူတော့ဘူး အစ်မလတ်ရှိတယ် ။ သူလာပြီး ပြုစုပေးလိမ့်မယ် ။ အခုက ခင်သိန်းကို ခင်သိန်း စိတ်ပူဖို့ပဲ။ ပြင်ပလောကမှာတောင် ခင်သိန်းကို ဒီလိုဆက်ဆံခံနေရတာ ဟိုထဲမှာဆို ဒီထက်ပိုဆိုးမယ်ထင်တယ်။ ခင်သိန်း ပျော့ညံနေလို့မဖြစ်တော့ ပြောသင့်ရင် ပြောရမယ် ပြန်လုပ်သင့်ရင် လုပ်ရတော့မယ်။

ထောင်ထဲ၌.....

"ဟိုကောင် ထစမ်း "
ခင်သိန်း အိပ်ချင်လို့ အိပ်နေလိုက်တာ ဘယ်ကခေါ်သံမှန်းမသိဘူး။ မျက်လုံးဖွင့်ကြည့်လိုက်တော့ သန်သန်မာမာ လူကြီး။ ရုပ်ကလည်း မာထန်နေတာ။ဇာတ်ကားထဲကလို တန်းစည်းများလား ၊ ဇာတ်ကားထဲမှာတော့ အသေရွံ့ခဲ့တာ အခုတော့ လက်တွေ့ကြီးဖြစ်နေပါရောလား။ ဆက်အိပ်လို့မရတော့ ခင်သိန်း ထလာလိုက်သည်။

"ငါ့ကို နှိပ်ပေးစမ်း"

"ဟုတ်ကဲ့ "

ခင်သိန်း ပါးသွားပြီ။ လည်ဖို့လည်း လိုအပ်သည်။ ခင်သိန်း အနှိပ်ဆက်မခံရဖို့ အကောင်ကြီးကြီးကို ချည်းကပ်ဖို့လိုအပ်သည်။ ထောင်ထဲမှာက လူပေါင်းစုံ၊ အမှုပေါင်းစုံ၊ စရိုက်ပေါင်းစုံ။ တစ်ခုခုဆို အားကိုးရှာထားမှ တော်ရုံကျမယ်။

"မင်းက ဘာအမှုလဲကွ"

"ခင်သိန်းက လူရိုက်မှုနဲ့ပါ"

"ဘယ်လောက်လဲ"

"၁နှစ်
ခဗျားက တန်းစည်းလား"

"ဟားဟား မဟုတ်ပါဘူးကွာ ငါညောင်းလို့ မင်းကိုနှိပ်ခိုင်းတာပါ"

လွတ်လပ်ခွင့် ( Uni + Zaw)Where stories live. Discover now