အမှာစာ(Uni+Zaw)

73 9 0
                                    

လွတ်လပ်ခွင့် (စာရေးသူ၏ အမှာစာ)

* * *
(Uni)

လွတ်လပ်ခွင့် ဆိုတဲ့ ၀တ္ထုက BL ၀တ္ထုအမျိုးအစားမဟုတ်ပါဘူး။ LGBTနဲ့ သက်ဆိုင်တဲ့ ၀တ္ထုမျိုးပါ။ ၀တ္ထုစရေးမယ်လို့ စဥ်းစားတော့ ဇာတ်ကောင်ကို gay တစ်ယောက်အနေနဲ့ ရေးဖို့ပါပဲ ဒါမဲ့ စာက ရှေ့တိုးလို့မရဘူးဖြစ်နေတယ်။ ဒါကြောင့် ဇာတ်ကောင်ကို မိန်းမလျာအဖြစ် ပြောင်းလဲ ခဲ့ရပါတယ်။
၀တ္ထုထဲမှာ ပါ၀င်သော ဇာတ်ဆောင်တွေ ၊ သရုပ်တွေက ကျွန်တော် မြင်ဖူးခဲ့တဲ့ ပုံစံတွေကိုမှ ကျွန်တော့်စိတ်ကူးလေးနဲ့ ဇာတ်ကွက်တွေကို ထပ်ပြီး ဖန်တီးယူထားခြင်းဖြစ်ပါတယ်။
နာမည်တူများ၊ အဖြစ်အပျက်တူများ၊ သရုပ်သဏ္ဋာန်များတူသွားသည်ရှိသော် ကြိုတင်တောင်းပန်အပ်ပါတယ်။
_______________________________

လွတ်လပ်ခွင့်ဆိုတာ ပိတ်လှောင်ခြင်း ချုပ်နှောင်ခြင်းရဲ့ ဆန့်ကျင့်ဘက်သဘောပါပဲ။
ကြိုးနဲ့တုပ်ထား၊လှောင်အိမ်ထဲ ထည့်ထားမှ ပိတ်လှောင်ခြင်းမမည်ပါဘူး။
ပြင်ပ ပတ်၀န်းကျင်ရဲ့ ရှုတ်ချမှုတွေ နှိပ်ချမှုတွေကလဲ ပိတ်လှောင်ခြင်းတစ်မျိုးပါပဲ။
ဒီပိတ်လှောင်ခြင်းတွေရဲ့ လွတ်လပ်မှုက ဘာလဲ။ လွတ်မြောက်ခြင်းက ဘာလဲ ဆိုတာ ၀တ္ထုပြီးတဲ့အခါ စာဖတ်သူတို့သိစေချင်ပါတယ်။

ကျွန်တော်တို့ကလဲ ပိတ်လှောင်ခြင်း တမျိုးမျိုးမှာ ပိတ်လှောင်ခံထားရတဲ့သူတွေပါ။
ဒီပိတ်လှောင်ခြင်းကနေ လွတ်မြောက်ဖို့ ကြိုးစားနေကြရတာပါ။

ဒီ၀တ္ထုထဲမှာက မိန်းမလျာတစ်ယောက်ရဲ့ ပတ်၀န်းကျင်က နှိပ်ချပုံတွေ၊ ဘ၀အခက်ခဲတွေကို ရသ သရုပ်ပေါ်အောင် ဖန်တီးထားတဲ့အတွက်ကြောင့် စိတ်တိုစရာတွေ၊၀မ်းနည်း ၀မ်းသာစရာတွေ ပါကောင်းပါလာနိုင်ပါတယ်။

အားနည်းတဲ့သူတိုင်းကို နှိပ်ချစရာလား ၊ဖိနှိပ်စရာလား...။
ပါးစပ်ကတော့ မဟုတ်ဘူးပဲ​ပြောနေပေမဲ့ ကျွန်တော်တို့ရဲ့ ဘ၀တစ်လျှောက်မှာ
ဖိနှိပ်ခံရတဲ့အချိန်တွေ ရှိသလို၊ ကိုယ်က ဖိနှိပ်ခဲ့တဲ့အချိန်တွေလဲ မလိမ်တမ်းပြောရရင် ရှိခဲ့ပါတယ်။ ဒါမဲ့ လူအချင်းချင်း လေးစားမှုလေးထားလိုက်မယ်ဆိုရင်တော့ ဒီ အရာတွေက သာတယ် နာတယ်လို့ ရှိမှာမဟုတ်သလို ၊ ဖိနှိပ်မှုတွေကလဲ ရှိနေမှာမဟုတ်ပါဘူး။

လေးစားမှုများ ထားတက်ကြပါစေ....

မောင်နှင်းခါး...။

================================

(Zaw)

လြတ္လပ္ခြင့္ (စာေရးသူ၏ အမွာစာ)
* * *
လြတ္လပ္ခြင့္ ဆိုတဲ့ ၀တၴုက BL ၀တၴုအမ်ိဳးအစားမဟုတ္ပါဘူး။ LGBTနဲ႔ သက္ဆိုင္တဲ့ ၀တၴုမ်ိဳးပါ။ ၀တၴုစေရးမယ္လို႔ စဥ္းစားေတာ့ ဇာတ္ေကာင္ကို gay တစ္ေယာက္အေနနဲ႔ ေရးဖို႔ပါပဲ ဒါမဲ့ စာက ေရ႔ွတိုးလို႔မရဘူးျဖစ္ေနတယ္။ ဒါေၾကာင့္ ဇာတ္ေကာင္ကို မိန္းမလ်ာအျဖစ္ ေျပာင္းလဲ ခဲ့ရပါတယ္။
၀တၴုထဲမွာ ပါ၀င္ေသာ ဇာတ္ေဆာင္ေတြ ၊ သရုပ္ေတြက ကြၽန္ေတာ္ ျမင္ဖူးခဲ့တဲ့ ပံုစံေတြကိုမွ ကြၽန္ေတာ့္စိတ္ကူးေလးနဲ႔ ဇာတ္ကြက္ေတြကို ထပ္ၿပီး ဖန္တီးယူထားျခင္းျဖစ္ပါတယ္။
နာမည္တူမ်ား၊ အျဖစ္အပ်က္တူမ်ား၊ သရုပ္သဏၬာန္မ်ားတူသြားသည္ရိွေသာ္ ႀကိဳတင္ေတာင္းပန္အပ္ပါတယ္။
_______________________________
လြတ္လပ္ခြင့္ဆိုတာ ပိတ္ေလွာင္ျခင္း ခ်ဳပ္ေနွာင္ျခင္းရဲ့ ဆန္႔က်င့္ဘက္သေဘာပါပဲ။
ႀကိဳးနဲ႔တုပ္ထား၊ေလွာင္အိမ္ထဲ ထည့္ထားမွ ပိတ္ေလွာင္ျခင္းမမည္ပါဘူး။
ျပင္ပ ပတ္၀န္းက်င္ရဲ့ ရႈတ္ခ်မႈေတြ ႏိွပ္ခ်မႈေတြကလဲ ပိတ္ေလွာင္ျခင္းတစ္မ်ိဳးပါပဲ။
ဒီပိတ္ေလွာင္ျခင္းေတြရဲ့ လြတ္လပ္မႈက ဘာလဲ။ လြတ္ေျမာက္ျခင္းက ဘာလဲ ဆိုတာ ၀တၴုၿပီးတဲ့အခါ စာဖတ္သူတို႔သိေစခ်င္ပါတယ္။

ကြၽန္ေတာ္တို႔ကလဲ ပိတ္ေလွာင္ျခင္း တမ်ိဳးမ်ိဳးမွာ ပိတ္ေလွာင္ခံထားရတဲ့သူေတြပါ။
ဒီပိတ္ေလွာင္ျခင္းကေန လြတ္ေျမာက္ဖို႔ ႀကိဳးစားေနၾကရတာပါ။

ဒီ၀တၴုထဲမွာက မိန္းမလ်ာတစ္ေယာက္ရဲ့ ပတ္၀န္းက်င္က ႏိွပ္ခ်ပံုေတြ၊ ဘ၀အခက္ခဲေတြကို ရသ သရုပ္ေပၚေအာင္ ဖန္တီးထားတဲ့အတြက္ေၾကာင့္ စိတ္တိုစရာေတြ၊၀မ္းနည္း ၀မ္းသာစရာေတြ ပါေကာင္းပါလာႏိုင္ပါတယ္။

အားနည္းတဲ့သူတိုင္းကို ႏိွပ္ခ်စရာလား ၊ဖိႏိွပ္စရာလား...။
ပါးစပ္ကေတာ့ မဟုတ္ဘူးပဲ​ေျပာေနေပမဲ့ ကြၽန္ေတာ္တို႔ရဲ့ ဘ၀တစ္ေလ်ွာက္မွာ
ဖိႏိွပ္ခံရတဲ့အခ်ိန္ေတြ ရိွသလို၊ ကိုယ္က ဖိႏိွပ္ခဲ့တဲ့အခ်ိန္ေတြလဲ မလိမ္တမ္းေျပာရရင္ ရိွခဲ့ပါတယ္။ ဒါမဲ့ လူအခ်င္းခ်င္း ေလးစားမႈေလးထားလိုက္မယ္ဆိုရင္ေတာ့ ဒီ အရာေတြက သာတယ္ နာတယ္လို႔ ရိွမွာမဟုတ္သလို ၊ ဖိႏိွပ္မႈေတြကလဲ ရိွေနမွာမဟုတ္ပါဘူး။

ေလးစားမႈမ်ား ထားတက္ၾကပါေစ....

ေမာင္ႏွင္းခါး...။

လွတ်လပ်ခွင့် ( Uni + Zaw)Where stories live. Discover now