Uni
(အပိုင်း - ၂၁)
ရဲစခန်းရောက်တော့ ဟိုခွေးနှစ်ကောင် မျက်ခွက်တွေက အချိုးပြန်ပြောင်းကုန်ပြီ။
ရဲကြီးရှေ့ရောက်တဲ့အခါ သူတို့က ဦးအောင် အရင်တိုင်တယ်။"အာစရီရေ ကျွန်တော်တို့ အိမ်ထဲထိ ၀င်ပြီး ပိုက်ဆံလဲယူ လူလည်း ရိုက်သွားတာ ကောင်းလားဗျာ"
ဟင် သူပြောတဲ့ပုံစံက ဇာတ်လမ်းတမျိုးပါ့လား။ ခင်သိန်း သူတို့အိမ်ထဲကို ၀င်တာလည်း အမှန်ပဲ။ ပိုက်ဆံယူတာလည်း အမှန် ၊ ခွေး၂ကောင်ကို ခွေးလို ရိုက်ခဲ့တာလည်း အမှန်ပဲ။ ဒါပေမဲ့ သူပြောတဲ့ ဇာတ်လမ်းက ခင်သိန်း ထိုးခံရတာမပါဘူး ၊ ယောက်ျားချင်း အဓမ္မကျင့်ခံရတာ မပါဘူး။
"အဲ့ဆို ခဗျားမှာ အပြစ်ရှိတာပဲ ။ ကျုပ်တို့ ခဗျားကို အချုပ်ထဲ ထည့်ထားရလိမ့်မယ်"
"ရဲအရာရှိရယ် တဖက်တည်း နားထောင်ပြီး မဆုံးဖြတ်သေးပါနဲ့ဦး ကျွန်မသားလေးပြောတာကိုလည်း နားထောင်ပေးပါဦး"
အမေက ငိုသံလေးနဲ့ ၀င်ပြောမှ ရဲဆိုသူက ခင်သိန်းဘက်ကို ပြောလေ ဆိုတဲ့အကြည့်နဲ့ မှေးငေါ့ပြသည်။
ခင်သိန်း လူမသိခံချင်တဲ့ကိစ္စကို ပြောပြရတော့မယ်။ ရပ်ကွက်လူကြီးတွေရော ၊ လမ်းထဲက စပ်စုသူတွေရောက စခန်းကို လိုက်လာကြတာ။ ခင်သိန်း အစော်ကားခံလိုက်ရတာကို ကြော်ညာမောင်းခတ်သလိုဖြစ်တော့မယ်။ ဒါပေမဲ့ မပြောပဲထားလိုက်ရင်လည်း ခင်သိန်းအတွက်က အန္တရာယ်ပဲလေ။
"ခင်သိန်း သူ့အိမ်ကို လစာထုတ်ဖို့ သွားခဲ့ပါတယ်။ အလုပ်ထွက်ပြီး လစာထုတ်ဖို့ပါ။
ဟိုရောက်တော့ အေးဆေးပါပဲ။ ပြန်ခါနီးတော့ ခင်သိန်းကို မိုးဟိန်းက နောက်ကနေချုပ်ဖမ်းထားတယ်။ ခင်သန်းရုန်းပါတယ်
နောက်ပြီး စန်းညွှန့်ကပါရောက်လာပြီး ခင်သိန်းကို ထိူးတယ် ထမရအောင်ထိုးတယ်။
ပြီးတော့ ခင်သိန်းကို အခန်းထဲခေါ်ပြီးတော့"ခင်သိန်း ဆက်ပြောနိုင်စွမ်းမရှိတော့ဘူး။ မငိုမိအောင် အံ့ကြိတ်ပြီးပြောနေရပေမဲ့ ရဲကြီးကတော့ စပ်ဖြီးဖြီး။ ကျန်တဲ့သူတွေရဲ့ မျက်လုံးတွေကလည်း အဓ်ိပ္ပါယ်တမျိုးစီနဲ့။

YOU ARE READING
လွတ်လပ်ခွင့် ( Uni + Zaw)
Literatura Faktuမိန်းမလျာတစ်ယောက်ရဲ့ ဘ၀အခြေနေဖြတ်သန်းပုံ၊ ဖိနှိပ်ခံရပုံတွေကို ရသသဘော ရေးသားထားခြင်းဖြစ်ပါတယ်။