Uni
(အပိုင်း - ၂၃)
"ခင်သိန်း... ဟေ့... ခင်သိန်း"
ခင်သိန်းအလုပ်မရှိတာနဲ့ အမေနဲ့အတူ နေ့လယ်နေ့ခင်း အိပ်ယာထဲ လှဲနေကြသည်။
ခေါ်သံကြားလို့ ထွက်ကြည့်တော့ ရဲတစ်ယောက်နဲ့ လူကြီး ၃ယောက်။ ဘာကိစ္စများပါလိမ့်။ အမေ့ကိုတော့ မနိုးတော့ပဲ ခင်သိန်းတစ်ယောက်တည်း အိမ့်ရှေထွက်ခဲ့သည်။"ဘာကိစ္စများလဲ"
"ကိုခင်သိန်း ကိုစန်းညွှန့် နဲ့ကိုမိုးဟိန်းတို့ကို ရိုက်မှုနဲ့ ရုံးတင်တာပါ ။ ကျွန်တော်တို့က ခဗျားကို ချုပ်ထားရမဲ့ တာ၀န်ရှိလို့ပါ"
"ဟင် အဲ့လိုရလို့လား"
"မင်းနားမလည်ပဲ ၀င်မပြောနဲ့ ခင်သိန်း သက်ဆိုင်ရာက တာ၀န်ရှိလို့လာတာကွ"
ကြားထဲက ၀င်ဟောက်လိုက်သော လူကြီးအသံက တော်တော်ကျယ်သွားခဲ့သည်။ အမေတောင် စမ်းတမ်းတမ်းနဲ့ အိမ်ရှေ့ကို ထွက်လာခဲ့သည်။
"ဘာဖြစ်တာလဲ ခင်သိန်းရယ် "
"ခဗျားသားကို ကျွန်တော်တို့ လာဖမ်းတာပါ"
ဖမ်းတာက လိုက်လို့ရတာအသာထား အမေ့ကို ဘယ်လိုထားခဲ့ရမှာလဲ။အမေ့တစ်ယောက်တည်း ဘယ်လိုလုပ်ပြီး နေလို့ရမှာလဲ။ အမှုကိစ္စကို ခင်သိန်း အဆုံးထိ လိုက်နိုင်ပေမဲ့ အမေ့ကိုတော့ တစ်ယောက်တည်း မထားခဲ့နိုင်ဘူး။
စခန်းကိုတော့ အမေပါ တူတူလိုက်ခဲ့တယ်။ ခင်သိန်းကိုတော့ အချုပ်ထဲမှာ အမေကတော့ အချုပ်ခန်းအပြင်ဘက်မှာ။ အမေကတော့ ငိုနေတယ်။ အမေငိုတော့ ခင်သိန်းလည်း မျက်ရည်ဝဲလာတယ်။
"မငိုပါနဲ့ အမေရယ်။ မနက်ဖြန် ရုံးချိန်းပြီးရင် ခင်သိန်း လွှတ်မှာပါ"
ခင်သိန်းနားမလည်တော့ ဥပဒေအကြောင်းကို အမေယုံအောင် လိမ်ပြီးပြောရသည်။ ခင်သိန်းအချုပ်ထဲရောက်ကတည်းက လွတ်ချင်မှ လွတ်မှာ။ ရုံးချိန်းဆိုတော့ ရှေ့နေတွေရောပါမှာပေါ့ ခင်သိန်း ဇာတ်ကားထဲမှာကြည့်ဖူးတယ်။ဒါပေမဲ့ ခင်သိန်းမှာ ဘာမှ ပြင်ဆင်မှုဆိုတာမရှိဘူး။
အချုပ်ခန်းထဲရောက်မှ ချက်ချင်းဘယ်သူမှ ပြန်မလွှတ်ဘူး။ ခင်သိန်းက နေလို့ရတယ် အမေက အိမ်ပြန်မှ ဖြစ်မယ်လေ တစ်ယောက်တည်း ပြန်လွှတ်ဖို့ကလည်း မဖြစ်နိုင် ဒါမှန်းသိ အစကတည်းက ထားခဲ့ပါတယ်။ ဘယ်သူကိုအကူညီတောင်းရပါ့မလဲ။
YOU ARE READING
လွတ်လပ်ခွင့် ( Uni + Zaw)
Non-Fictionမိန်းမလျာတစ်ယောက်ရဲ့ ဘ၀အခြေနေဖြတ်သန်းပုံ၊ ဖိနှိပ်ခံရပုံတွေကို ရသသဘော ရေးသားထားခြင်းဖြစ်ပါတယ်။