Uni(အပိုင်း - ၂၀)
ခင်သိန်းစိတ်ထဲ လူသတ်ချင်တဲ့စိတ်ပဲ။
ယောက်ျားချင်းတောင် အောက်ကျတဲ့ ဘ၀ကိုပဲ ခင်သိန်းရခဲ့တာ ။ ခင်သိန်းပျော်မွှေ့ခဲ့တာ
ခင်သိန်း အဆင်ပြေအောင်နေခဲ့ရတာ။ စနောက်မှုတွေကို ဖိနှိပ်မှုတွေကို မရှက်ဘူးလားမမေးနဲ့ ခင်သိန်းလည်း လူပဲ။ ရှက်တက်တယ် ။ရှက်တက်ရင် ပြင်ပါ့လားလို့ မေးစရာရှိတယ် ခင်သိန်းတို့လည်း ဒီဘ၀မျိုးကို ဘယ်သူက ရချင်မှာလဲ ပြင်လို့မရလို့ မပြင်ခဲ့ရတာပါ။ လူတကာ နှာခေါင်းရှု့တ်တဲ့ ဘ၀ ၊ မလေးစားခံရတဲ့ဘ၀ကို ဘယ်မိန်းမလျာကမှ လိုလိုချင်ချင်ယူခဲ့တာမဟုတ်ဘူး ။
ကိုယ့်စိတ်ကို မပြင်နိုင်လို့ မီးပုံထဲ ၀င်တိုးခဲ့တဲ့ ပိုးဖလံလိုပဲ ခင်သိန်းနေခဲ့တာ။အခုတော့ သူ့များခြေနင်းပတ်ကို တံတွေးနဲ့ လာတွေးတာ ခံလိုက်ရပြီ။ နင်းခြေတာ အားမရလို့ တံတွေးနဲ့တောင်ထွေးသွားခဲ့တာ။ ခင်သိန်း နင်းခြေတာ ခံနိုင်အောင် ကြိုးစားရပ်တည်ခဲ့ပေမဲ့ ယုတ်မာတာတော့ ခင်သိန်းလို မိန်းမလျာမှ မဟုတ်ဘူး ဘယ်လူသားကမှ သည်းခံနိုင်မည်မဟုတ်။ခင်သိန်း အခန်းထဲကို မျက်လုံးနဲ့ ဝေ့ကြည့်လိုက်သည်။ ပန်းအိုး တစ်အိုးကလွဲ၍ ဘာအရာမှ မတွေ့။ ခင်သိန်းခန္ဓာကိုယ်မှာဘီလူးသရဲ၀င်ပူးနေသလိုမျိုး တစက်စက်တုန်နေသည်။ ဒေါသ ငယ်ထိပ်ရောက်တယ် ဆိုတာ ဒါမျိုးပဲနေမှာ။
အိပ်နေတဲ့ မိုးဟိန်း ကို အသာထူလိုက်တယ်။
သကောင့်သားက အိပ်လို့ကောင်းနေတုန်းပဲ။
ခင်သိန်းအဖို့ စိတ်သွားတိုင်း ကိုယ်ပါနေတယ်။ ဒေါသကြောင့်လားရယ်မသိ ကိုယ့်ကိုကိုယ် အားတွေပြည့်နေသလိုမျိုးပဲ။ မိုးဟိန်းရဲ့ ခေါင်းကို ကိုင်ပြီး ဘေးက နံရံနဲ့ အားပါပါ စောင့်ပစ်လိုက်သည်။"ဒုန်း"
" အား...."
တိုက်နံရံလည်းဖြစ် အားကလဲ ပါတော့ သွေးတွေက ဖြာကနဲပဲ။ သွေးမြင်တော့ ခင်သိန်းစိတ်က ပိုကြွလာတယ်။ သုံး လေး ချက်လောက် စောင့်ပစ်လိုက်တယ်။
"ဒုန်း... ဒုန်း... ဒုန်း"
ဟင်းဟင်း ဒီကောင် အသံကျယ်ကျယ်တောင်အော်ဖို့ အသံမထွက်နိုင်တော့ဘူး။ အရိုက်ခံရတဲ့ ခွေးလို တအီအီနဲ့။
YOU ARE READING
လွတ်လပ်ခွင့် ( Uni + Zaw)
Non-Fictionမိန်းမလျာတစ်ယောက်ရဲ့ ဘ၀အခြေနေဖြတ်သန်းပုံ၊ ဖိနှိပ်ခံရပုံတွေကို ရသသဘော ရေးသားထားခြင်းဖြစ်ပါတယ်။