2

4.2K 158 2
                                    

"အကိုကြီးအရမ်းပင်ပန်းရင်ခဏအိပ်လိုက်ပါလား"

သူစိတ်ဆိုးနေချိန်ဆိုဆရာသူစိတ်ကောင်းဝင်ချိန်ဆိုအကိုကြီး..မိုးထက်မြင့်တို့ကတော့လက်ဖျားခါလောက်ပါသည်။williamတစ်ခါတစ်လေတော့လည်းတွေးမိပါသည်။လွန်ခဲ့တဲ့1နှစ်ထိုလမ်းကြားလေးထဲကဒဏ်ရာရနေသောမိုးထက်မြင့်အားမကယ်ခဲ့လည်းအကောင်းသားဟူ၍။

"အင်း..ငါခဏမှေးလိုက်အုန်းမယ်ရောက်ရင်နိုး"

"ဟုတ်ကဲ့အကိုကြီး

Williamမှေးခနဲအိပ်ပျော်ခိုက်တွင်

"ဒုန်းးးးးးအာ့"

"ဟာခင်ဗျားလူလာတာတောင်မမြင်ဘူးလားအကိုကြီးအိပ်နေတာကို"

မိုးထက်ကdriverကိုလှမ်းအော်သည်။

"မိုးထက်သူကကားရှေ့ဝင်လာတာပိုက်ဆံလိုချင်တာလားမသိဘူး"

"တောက် ..တွေ့ကြသေးတာပေါ့ကွာ"

မိုးထက်ကားရှေ့သွားလိုက်တော့အရှေ့ကလူကကားနှင့်တိုက်မိ၍ဒဏ်ရာရသွားသောဒူးနှင့်တစ်တောင်ဆစ်အားလေနှင့်မှုတ်ကာမျက်နှာကလည်းငိုမဲ့မဲ့လေးဖြစ်နေသည်။ခန္ဓာကိုယ်ကသူ့လောက်ရှိကာသန်သန်မာမာပင်။စုတ်ပြတ်နေသောအဝတ်များစုတ်ဖွာနေသောဆံပင်ပုံစံကြောင့်အရူးတစ်ယောက်ဖြစ်လောက်သည်။သို့မဟုတ်လည်းအရူးဟန်ဆောင်ထားသောရဲတစ်ယောက်ပေါ့။

"ဟေ့မင်းထစမ်းရူးချင်ယောင်ဆောင်မနေနဲ့ပိုက်ဆံလိုချင်ရင်လဲပြောအဲ့ရှေ့မှာထိုင်မနေနဲ့"။

"ဒူဒူဗိုက်ဆာတယ်"

"ဘာကွ...ဗိုက်ဆာတာမင့်အမေသွားပြောပါလား"

"ဒူဒူဗိုက်ဆာတယ်"

"မင်း...ထွက်သွားစမ်းးးးးး"

ရုတ်တစ်ရက်ကြီးခြေထောက်ကိုလာဖက်တာကြောင့်ကန်ထုတ်ပြစ်လိုက်သည်။

"ပြောမရရင်တိုက်သတ်ပြစ်လိုက်"

ကားနောက်ခန်းထဲကထွက်လာသည့်အေးစက်စက်အသံကြောင့်driverမှာလန့်ဖြန့်သွားရသည်။

"အကိုမိုးထက်ဆရာကမြန်မြန်လေးရှင်းထုတ်လိုက်ပါတဲ့"

"အေးမင်းကြားတယ်မလားမြန်မြန်ဖယ်လိုက်တော့မဟုတ်ရင်ငါ့အကိုကြီးကမင့်ကိုသတ်မှာ"

NO LOVE(Complete)Where stories live. Discover now