16

1.6K 77 0
                                    

သုံးယောက်သားကလပ်ရှေ့တွင်ရပ်ကာငြင်းခုံနေကြသည်။

"အကိုကြီးရာပြန်ရအောင်ပါဆိုဒူဒူလူများတာမကြိုက်ဘူးလို့!"

"ဒူဒူကလည်းခဏပါပဲဆိုလိမ်မာပါနော်မိုးထက်ကူပြောအုန်းလေ"

မိုးထက်မျက်နှာမှာရှုံ့မဲ့သွားကာ

"အကိုကြီးကဘယ်တုန်းကခဏနဲ့ရဖူးလို့လည်းအကိုကြီးဂတိပေးထားပြီးသားနော်ဘယ်တော့မှမဖောက်ပြန်ဘူးလို့"

ဒီတစ်ခါတော့Williamမျက်နှာရှုံ့ရမဲ့အလှည့်ဖြစ်သွားသည်။

"ကလပ်လေးသွားတာဘယ်လိုလုပ်ဖောက်ပြန်တာဖြစ်ရမှာလဲမိုးထက်ရာ"

ဒူဒူနဲ့မိုးထက်မှာသက်တော်စောင့်တွေပင်မခေါ်ပဲသုံးယောက်ထဲသွားချင်သည်ဟုဆိုလာတာကြောင့်ဘယ်လိုနေရာမျိုးများလဲဟုရင်ခုန်စိတ်လှုပ်ရှားလိုက်ရတာနောက်ဆုံးကျကလပ်တစ်ခုဖြစ်နေသည်။

မိုးထက်အားမရစွာအကိုကြီးခန္တာကိုယ်ကိုကိုင်လှုပ်ပြစ်ချင်လာသည်။ကလပ်တွင်အကိုကြီးနှင့်အမှတ်တရကောင်းဆိုလို့ထိုတစ်ခါသာရှိသည်။ကျန်အချိန်များမှာအကိုကြီးနှင့်ထိုမိန်းမများ၏ငြီးငြူသံများကိုအပြင်ကနေနားထောင်နေရသည်များသာဖြစ်သည်။ထိုအချိန်တွေကိုသူဘယ်လောက်တောင်နာကျင်စွာဖြတ်သန်းခဲ့ရလဲ။ဘားမှမဖြစ်သလိုဟန်ဆောင်နိုင်ဖို့အကိုကြီးနောက်ကွယ်မှာသူဘယ်လောက်တောင်ငိုကြွေးခဲ့ရသလဲ။သူ့တာဝန်တွေကိုမေ့ပြီးအကိုကြီးဘေးနာဘယ်လိုတောင်တွယ်ကပ်ခဲ့ရသလဲ။ထိုအချိန်တွေကိုသူပြန်ရောက်ခံတော့မည်မဟုတ်ပေ။အကိုကြီးကိုလာထိရဲတဲ့လူကိုသူတကယ်သတ်ပြစ်မှာ။

ဒူဒူကတော့မျက်နှာကိုတစ်ဖက်သို့လှည့်ထားကာဘားမှဝင်မပြောတော့ချေ။သူအကိုကြီးဆီမရောက်ခင်ကအကိုကြီးရဲ့အားနည်းချက်အားသာချက်သွားလေ့ရှိသောနေရာနှင့်အကျင့်ဆိုးတွေအားလုံးကိုသူသိရှိပြီးဖြစ်သည်။သူ့အနေနဲ့မိုးထက်နဲ့ဝေမျှနေရသည်ကပင်တော်တော်လွန်နေပြီဖြစ်သည်။တခြားမိန်းမတွေနဲ့ဝေမျှရမယ်ဆုတောင်းနေလိုက်!။

Williamမှာတော့သူ့ဇနီးလေးနှစ်ယောက်ကိုကြည့်ရင်းသက်ပြင်းတစ်ချချဖြစ်နေသည်။ဟိုအရင်ကတည်းကစုံတွဲတွေသံဇဥ်များအောက်တွင်အတူတကွလှုပ်ရှားနေကြသည်ကိုသူဘယ်လောက်တောင်အားကျခဲ့ရသလဲ။သူရဲ့ပျင်းရိဖွယ်ညများကိုမိန်းမတစ်ချို့နှင့်ဖြတ်သန်းကြည့်ပါသော်လည်းသူလိုချင်သောခံစားချက်များကိုမရခဲ့ပေ။ယခုတော့သူ့ဇနီးလေးတွေရှိလာပြီမို့သူ့အိမ်မက်လေးကိုဖြည့်ဆည်းရန်အသက်အန္တာယ်ကိုပင်မမှုပဲကိုယ်ရံတော်များကိုထားပြစ်ခဲ့ပြီးစွန့်စားထွက်လာပါသော်လည်းသူ့ဇနီးဆိုးလေးတွေခွင့်မပြုချေ။

NO LOVE(Complete)Where stories live. Discover now