1

8.3K 222 3
                                    

"ဘယ်သူခိုင်းတာလဲ"

"နောက်ဆုံးအကြိမ်မေးမယ်ဘယ်သူခိုင်းတာလဲ"

အေးစက်စက်အသံနှင့်မေးခွန်းများကိုမေးနေသောအမျိုးသားမှာMr.Williamဖြစ်သည်။အသံဩဩနှင့်စကားတစ်ခွန်းပြောတိုင်းအမိန့်သံပါသည့်အပြင်ပြတ်သားလွန်းလှသည်။ရက်စက်လွန်းကာနိုင်ငံတကာကအလိုရှိသောရာဝတ်ကောင်ပင်။လက်နက်နှင့်မူးယစ်ဆေးဝါးအားကမ္ဘာတစ်ခုလုံးဆီပင်တိုင်ဖြန့်ချီသူဖြစ်သည်။သူ့တွင်များပြားလှသောရာဇဝတ်မှုနှင့်အတူများပြားလှသောဇနီးများငွေကြေးဥစ္စာများရှိလေသည် ။

"ကျွန်..ကျွန်တော့်မိသားစုကိုခွင့်..ခွင့်လွှတ်ပေးပါ"

"မင့်မိသားစုကိုငါစိတ်မဝင်စားဘူး"

"ကျေး..ကျေးဇူးတင်ပါတယ်Aရဲစခန်းကခိုင်း..ခိုင်းတာပါ"

"ဒီခွေးမသား!..."

Williamရဲ့အနီးကပ်သက်တော်စောင့်ကဒေါသတကြီးအော်ဆဲကာထထိုးတော့သည်။

"ရပ်စမ်း..ငါမင့်ကိုအမိန့်ပေးလားမိုးထက်မြင့်မင်းကိုယ်မင်းဂိုဏ်ခေါင်းဆောင်ထင်နေလား"

"ကျွန်တော်‌တောင်းပန်ပါတယ်ဆရာ"

"နောက်တစ်ခါမဖြစ်စေနဲ့"

"ဟုတ်ကဲ့ဆရာ"

မိုးထက်မြင့်မှာဤအမိန့်အားမကျေနပ်သော်လည်းလွန်ဆန်ရန်မရဲပေ။ထို့နောက်အကိုကြီးရဲ့အချက်ပြမှုအရသေနတ်ကိုထုတ်ကာထိုသစ္စာဖောက်အားချိန်ရွယ်လိုက်သည်။

"ဒိုင်း"

ခနဲအသံနှင့်အတူထိုသစ္စာဖောက်လှဲကျသွားလေသည်။

"ဘာလဲမင်းငါ့အမိန့်ကိုမကျေမနပ်ဖြစ်နေတာလားမိုးထက်မြင့်"

"မဟုတ်တာဆရာကျွန်တော်ဆရာ့အမိန့်ကိုမကျေမနပ်မဖြစ်ရဲပါဘူး"

Williamသက်ပြင်းအသာချမိသည်။

"Aရဲစခန်းကသူ့အဖွဲ့ကိုဖမ်းမိသွားတယ်ပြီးတော့ငါနဲ့အပေးအယူလုပ်တယ်သူကလက်ခံခဲ့တယ်ဒါပေမယ့်သူ့မိသားစုကအပြစ်မဲ့တယ်လေမိုးထက်"

မိုးထက်မြင့်မှာအံ့ဩမှုကြောင်းမျက်လုံးများဝိုင်းစက်ကာ

NO LOVE(Complete)Where stories live. Discover now