26

1.3K 58 2
                                    

'အခုချိန်မှာနောက်ဆုတ်ရင်တောင်မှီနိုင်ပါအုန်းမလား'

Williamသူ့ဇနီးလေးနှစ်ယောက်အအေးမမိစေရန်အိမ်ထဲခေါ်ဝင်လာပြီးသူ့ရဲ့ကြီးမားလှသောအဝတ်ဗီရိုရှေ့တွင့်ရပ်တန့်လိုက်သည်။ဗီရိုတံခါးကိုဖွင့်လိုက်ကာအောက်ခြေကြမ်းပြင်ကိုဖယ်လိုက်တော့ဆေးလိပ်ဘူးတစ်ဘူးပေါ်လာတာကြောင့်

Williamပြုံးလိုက်ကာ

"နှစ်ယောက်လုံးလန့်မသွားကြနဲ့နော်!"

မင်းခက်ထန်နှင့်မိုးထက်မှာမျက်ခုံးပင့်မိသွားသော်လည်းအလျင်အမြန်ပင်အံ့သြဟန်ဆောင်လိုက်ကာ

"ဆေးလိပ်ဘူးကဒီကိုဘယ်လိုရောက်နေတာလဲ!"

Williamသူ့ဇနီးလေးတွေလန့်သွားမှာစိုးတာကြောင့်​ကျောလေးတွေကိုဖွဖွပုတ်ပေးလိုက်ရင်းဆေးလိပ်ဘူးထဲကဆေးလိပ်ကိုဆွဲထုတ်လိုက်တော့လှေးခါးတစ်ခုပါသောမြေအောက်ခန်းကပေါ်ထွက်လာခဲ့တော့သည်။Williamရှေ့ကနေဦးဆောင်ဝင်သွားရင်းမြေအောက်ခန်းအကြောင်းရှင်းပြနေသည်။

"ဒီမြေအောက်ခန်းကိုအကိုကြီးကိုယ်တိုင်သေချာစီစဥ်ထားခဲ့တာဒီအခန်းထဲမှာပဲရွံစရာကောင်းတဲ့ကောင်တွေကိုအတူတူထားပေးထားတာအကိုကြီးရဲ့လက်နဲ့လေ!"

မင်းခက်ထန်ရောမိုးထက်မြင့်ပါဒီနေရာကိုအကြိမ်ရေများစွာရောက်ဖူးပြီးသားဖြစ်သည်။သို့သော်မိသားစုဓါတ်ပုံမှလွှဲပြီးဘာတစ်ခုမှထူးခြားတာမတွေ့ပေ။

Williamမီးဖွင့်လိုက်တော့သုံးယောက်သားမီးအလင်းရောင်ကြောင့်ရုတ်တစ်ရက်မျက်လုံးမဖွင့်နိုင်ဖြစ်သွားရတော့သည်။သူကဓါးကိုဆွဲထုတ်ကာမိသားစုဓါတ်ပုံထဲမှယောကျ်ားကြီး၏ခေါင်းကိုထိုးစိုက်လိုက်တော့တံခါးကြီးတစ်ချပ်ကဖြည်းညင်းစွာပွင့်လာတော့သည်။

တံခါးပွင့်သွားသည်နှင့်အပုတ်နံ့များကလှိုက်တက်လာတာကြောင့်မင်းခက်ထန်နှင့်မိုးထက်ကထိုးအန်တော့သည်။အကိုကြီးမှာအမူအယာပင်မပျက်သူတို့နှစ်ယောက်ကိုပြုံး၍ကြည့်နေတာကြောင့်မိုးထက်မှာကျက်သီးများပင်ထလာရတော့သည်။

တံခါးနောက်မှာရှိနေသောအရာများမှာအရိုးစုပုံကြီးဖြစ်သည်။တစ်ယောက်နှင့်တစ်ယောက်ထပ်ထားသောအရိုးများသီးခြားစီရှိနေအရိုးများခြောက်ကပ်နေသောသွေးများဆံပင်စများနှင့်စုတ်ပြတ်နေသောအကျီများကပျံ့ကျဲစွာတည်ရှိနေသည်။ကြွက်များကလည်းဟိုသည်ပြေးလွှားနေကြသည်မှာတစ်ကယ်ကိုရွံ့စရာပင်။ထိုလူတွေကမသေခင်မှရူးချင်စရာကောင်းလောက်အောင်ညှင်းပန်းနှိက်စက်ခံထားရပုံပေါ်သည်။

NO LOVE(Complete)Where stories live. Discover now