18

1.4K 76 0
                                    

"အကိုကြီး...ဘယ်သွားမလို့လဲလဲမနက်စာစားသွားအုန်း"

"တော်ပြီဒူဒူ.....အကိုကြီးအရေကြီးကိစ္စရှိလို့ရက်နည်းနည်းလောက်ပြန်မလာဖြစ်ဘူးအကိုကြီးအားရင်ဖုန်းခေါ်ခဲ့မယ်မိုးထက်နဲ့သင့်သင့်မြတ်မြတ်နေနော်...မိုးထက်ရောကြားလား"

"ကျွန်တော်ပါလိုက်မယ်အကိုကြီး"

"မရဘူးမိုးထက်နေခဲ့..အကိုကြီးအပျော်သွားမှာမဟုတ်ဘူး"

"ကျွန်တော်လိုက်ခဲ့ချင်တယ်အကိုကြီး!"

"အန္တာယ်များလွန်းလို့ပါမိုးထက်ရယ်လိမ်မာစမ်းပါကွာ"

"အကိုကြီးကျွန်တော့်ကိုဆိုဘယ်တော့မှမယုံကြည်ဘူးအကိုကြီးရဲ့လက်ထောက်ဆိုတာအမြဲတမ်းနာမည်ပဲရှိခဲ့တာဘယ်တုန်းကမှတာဝန်ပေးအပ်တာမခံရဖူးဘူးတစ်ခြားလူတွေသက်စွန့်စံဖြားတာဝန်တွေယူနေတဲ့ချိန်ဆိုကျွန်တော်အမြဲတမ်းအကိုကြီးဘေးမှာပဲမိန်းမတစ်ယောက်လို..."

မိုးထက်ဆက်မပြောနိုင်တော့ပေ။အကြောင်းမှာအကိုကြီး၏စွဲမက်ဖွယ်ကောင်းလှသောပူပူနွေးနွေးနုတ်ခမ်းလေးကသူ့နဖူးဆီဖွဖွလေးရောက်ရှိလာတာကြောင့်ဖြစ်သည်။

"အမြဲတမ်းဟိုးအရင်ကတည်းကမိုးထက်ကိုစိတ်ပူနေခဲ့တာမို့ပါမိုးထက်ရဲ့ဘဝလေးကိုအရောင်တွေဆိုးမိမှာကိုစိုးရိမ်မိခဲ့လို့ပါမိုးထက်ရယ်အကိုကြီးတောင်းပန်ပါတယ်အကိုကြီးမှားပါတယ်အကိုကြီးကိုခွင့်လွှတ်ပါမိုးထက်ရယ်နော်"

မိုးထက်မှာကြက်သီးများပင်တစ်ဖြန်းဖြန်းထသွားရသည်။အားလုံးထဲမှာမှသူ့စကားကိုသာရွေးနားထောင်တတ်ပါသောအကိုကြီးMissionတွေတောင်းဆိုတိုင်းစိတ်ဆိုးတတ်လွန်းပါသောအကိုကြီးတာဝန်အရချဥ်းကပ်ရန်အကြောင်းပြချက်ရှာသည်ကိုသံသယမဝင်ပါပဲထွေးပွေ့ပေးခဲ့ပါသောအကိုကြီး...ဒါဆိုသူကရော။

"တောင်ပန်ပါတယ်..ကျွန်တော်မသိခဲ့မိဘူး"

"မိုးထက်ကအဲ့တာတွေသိဖို့မလိုပါဘူးမိုးထက်ကအကိုကြီးကိုချစ်နေပေးဖို့တစ်ခုထဲလိုတာပါ"

နှစ်ယောက်သားမသိလိုက်ပါပဲတင်းကြပ်စွာဖက်ထားမိကြသည်။

တစ်ချို့လူတွေအတွက်ချိုမြိန်လှသောအချိန်အခါမှာတစ်စုံတယောက်အတွက်တော့ပူလောင်နေခဲ့သည်။မင်းခက်ထန်ဟင်းလှီးဓါးသွားကိုကျစ်ကျစ်ပါအောင်ဆုပ်ထားမိတာကြောင့်သွေးများကတလဟောစီးကျနေသည်။သို့သော်သူ့မှာနာကျင်မှုကိုမခံစားရချေ။ဘာလဲသူကThirt wheelလား။အရမ်းချစ်ကြတဲ့ချစ်သူတွေကြားဝင်ရှုပ်မိတဲ့ဗီလိန်ကြီးလား။သူဒီလောက်ရက်တွေအကြာကြီးထိုလူရဲ့ရင်ထဲနေရာရရှိစေရန်ကြိုးစားမှုတွေနည်းနည်းလေတောင်ကအရာမဝင်ဘူးလား။သူကပဲတစ်ယောက်ထဲနှစ်မြုပ်သွားခဲ့ရတာလားမဖြစ်နိုင်တာ။

NO LOVE(Complete)Where stories live. Discover now