29

1.6K 80 1
                                    

Williamသတိဝင်လာသည့်အချိန်တွင်သူကအချုပ်ခန်းထဲရောက်နေပြီဖြစ်သည်။သူမျက်လုံးကိုမှိတ်ထားရင်းစိတ်ငြိမ်အောင်လုပ်ဖို့ကြိုးစားနေလိုက်သည်။ကားတစ်ပတ်လည်ကာပြုတ်ကျသွားသောအရှိန်ကြောင့်အသက်ရှူနေရင်တောင်နာနေသည်။ခုနတုန်းကတော့သွေးပူနေ၍မသိခြင်းပင်။

"ဟက်!"

သူ့ကိုယ်သူလှောင်ရီမိလိုက်တော့သည်။သူဘယ်လောက်တောင်တုံးအမိသလဲ
ဒီလူတွေသူ့နောက်ကွယ်မှာဘယ်လောက်တောင်လှောင်ရီနေလိုက်မလဲ။ဒဏ်ရာကနာနေသည့်အပြင်အခန်းကပါအေးနေတာကြောင့်ခန္ဓာကိုယ်ကိုကွေးလိုက်ကာမျက်လုံးတွေမှိတ်ထားလိုက်သည်။

"ဒတ်..ဒတ်"

ရှေ့မှာကာထားတဲ့သံချောင်းတွေကိုခေါက်နေသောအသံကြောင့်သူမော့ကြည့်လိုက်တော့အသက်လေးဆယ်ကျော်အရွယ်ခန့်ငြားသောယောကျ်ားကြီးတစ်ယောက်ကိုမြင်လိုက်ရသည်။ထိုလူကသူ့ကိုကြည့်နေရင်းလှောင်သလိုပြုံးလာပြီး

"တွေ့ရတာဝမ်းသာပါMr.Williamကျွန်တော်ကခင်များကိုအသက်ကြီးကြီးနဲ့ရွံစရာကောင်းတဲ့ပုံစံထင်ထားတာခင်များငယ်ငယ်ချောချောဖြစ်နေတာပဲနှမြောစရာကောင်းလိုက်တာ!"

ကျွတ်...ကျွတ်

ထိုလူကြီရဲ့စကားသံတွေကWilliamနားထဲတွင်ယင်ကောင်တွေလိုတစ်ဝီဝီမြည်နေသည်။ထိုအသံတွေကိုမကြားရစေဖို့သူနားနှစ်ဖက်ကိုလက်နှင့်အုပ်လိုက်ပြီးခေါင်းကိုဒူးပေါ်တွင်ဖွကာဝှက်ထားလိုက်သည်။

ကျေနပ်ပုံမရသေးသောထိုလူကြီးကသံတိုင်တံခါးကိုဖွင့်ကာဝင်လာသည်။သူကWilliamကိုရွံရှာသလိုစိုက်ကြည့်လိုက်ရင်း

"မင့်နောက်ကိုငါလိုက်ခဲ့တာ၅နှစ်ရှိပြီ၅နှစ်ဒါပေမယ့်အရိပ်တောင်ငါဖမ်းမမိခဲ့ဘူးခုတော့မင်းကငါ့ရှေ့မှာသနားစရာကောင်းတဲ့ပုံစံနဲ့ရှိနေတယ်တဲ့မရီရဘူးလား!ငါဝန်ခံပါတယ်မင်းခက်ထန်...သူငါ့ထက်အများကြီးအရည်အချင်းရှိတယ်ဟေ့သူမင်းကိုဘယ်လိုလှည့်ကွက်တွေလုပ်ပြီးဖမ်းခဲ့တာလဲ"

Williamမှာတိတ်တိတ်လေးနေရန်သာရွေးချယ်ထားသော်လည်းရုတ်တရက်သူမုန်းသောနာမည်ကိုကြားလိုက်တာကြောင့်စိတ်မထိန်းနိုင်တော့ပဲသူ့ရှေ့ကလူကိုလည်ပင်းညစ်ဖို့ကြိုးစားတော့ရှေ့ကလူကသူ့ကိုဆောင့်ကန်လိုက်တာကြောင့်နောက်ကနံရံနှင့်တိုက်မိပြီးအရိုးတွေကျိုးသွားသလိုပင်ခံစားလိုက်ရသည်။

NO LOVE(Complete)Where stories live. Discover now