7

2.6K 109 1
                                    

မနက်မိုးလင်းတော့Williamတက်ကြွလန်းဆန်းနေသည်။သူ့ညီလေးကိုငုံ့ကြည့်တော့ကျေနပ်နေသယောင်။သူမှတ်မိတာသေချာရင်သူညကဘယ်မိန်ကလေးနဲ့မှမအိပ်မိဘူးလားလို့ပါ။

"နှစ်ယောက်လုံးအစောကြီးထရတာအတော်ကြိုက်ကျတာပဲ"

ရေချိုးခန်းထဲဝင်လိုက်တော့သွားတိုက်တံပေါ်တွင်သွားတိုက်ဆေးရောက်နေကာပဝါလေးကိုပါချထားပေးသည်။

'မိုးထက်ကအိမ်ရှင်မကောင်းတကယ်ပီသတာပဲ'
သူ့အတွေးနှင့်သူwilliamတိုးတိုးရီလိုက်မိသည်။မိုးထက်သာသိပါကဒေါသထွက်လိုက်မဲ့ဖြစ်ချင်း။

"ဒါအကိုကြီးဖို့"

ဒူဒူဟင်းခွက်လေးကိုအကိုကြီးရှေ့တိုးပို့လိုက်တော့

"ငါ့အတွက်သီးသန့်လား"

"ဟုတ်ကဲ့..."

"ကျေးဇူးပဲဒူဒူ...မင်းမျက်နှာကြီးကိုဘာလို့ငုံ့ထားတာလဲမော့စမ်းပါဟ"

မင်းခက်ထန်မော့မကြည့်ရဲချေ။ညတုန်းကဘယ်လိုစိတ်ကူးနဲ့များအား....ပြန်တောင်တွေးမကြည့်ရဲချေ။

Williamစိတ်ထဲထူဆန်းနေသလိုခံစားနေရချိန်တွင်ဘေးသို့မိုးထက်လာထိုင်၍မော့ကြည့်လိုက်တော့

"အမှန်တိုင်းပြောစမ်းမင်းတို့၂ယောက်ငါ့နောက်ကွယ်မှာတစ်ခုခုလုပ်ထားလား"

"အဟွတ်အဟွတ်..."

မိုးထက်ထမင်းနင်ကာချောင်းတွေထဆိုကုန်သလိုဒူဒူလည်းယောင်ယမ်းကာငရုတ်သီးတွေပါးစပ်ထဲထိုးထည့်ပြစ်သည်။

williamမျက်မှောင်ကျုံ့ကာ

"ဒူဒူမင်းငရုပ်သီးတွေဝါးမိသွားတယ်ရေသွားသောက်စမ်း"

"ဟုတ်..ဟုတ်ကဲ့"

"မိုးထက်ထမင်းကိုသေချာဝါး"

"ဟုတ်..ဟုတ်ကဲ့"

"ပြီးရင်ငါရဲ့အလုပ်တွေကိုလိုက်ပြပေးမယ်သေချာသင်ယူပါ"

"အကိုကြီး!"

"အတွန့်မတက်နဲ့မိုးထက်ငါမကြိုက်ဘူးလို့ပြောထားတယ်နော်ပြီးတော့ဒူဒူမင်းအမှန်တိုင်းပြောစမ်းမင်နေစရာအိမ်မရှိလို့ငါ့ဆီလာကပ်တာမလားမင့်ပုံစံကိုကြည့်ရတာရူးနေတာဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ဘူး"

NO LOVE(Complete)Where stories live. Discover now