ထမင်းဝိုင်းတွင်မျက်နှာမလှသောWilliamကြောင့်ဒူဒူရောမိုးထက်ပါတိတ်ဆိတ်စွာထမင်းစားနေကြသည်။
"ငါ့ကောင်မလေးတွေအဆင်ပြေလား"
မိုးထက်မျက်နှာကြီးရှုံ့မဲ့သွားရသည်။
"အကိုကြီးကောင်မလေးကဘယ်သူလဲကျွန်တော်လဲမသိရပါလား"
williamလည်းဘယ်လိုပြောရမှန်းမသိတော့ပေ။သူ့မှာအထီးကျန်လွန်သောဝေဒနာနှင့်အိမ်မက်ဆိုးများကိုဖြေရှင်းရန်ကောင်မလေးများကိုညတိုင်းနီးပါခေါ်အိပ်တတ်သည်။ထိုကိစ္စများကိုအရင်ကအိမ်တော်ထိန်းကကိုင်တွယ်ပေးခဲ့ပြီးထိုအိမ်တော်ထိန်းကွယ်လွန်သွားတော့မိုးထက်ကဆက်လက်တာဝန်ယူပေးခဲ့သည်။
ထိုမိန်းကလေးဘယ်ကမှန်းသူမသိသလိုဘယ်သူမှန်းလဲမသိပေ။သူ့ကုတင်ပေါ်ရောက်လာရင်သူ့ကောင်မလေးဖြစ်ပြီးကုတင်ပေါ်ကဆင်းသွားတာနဲ့သူလဲမမှတ်မိတော့ပေ။
"အကိုကြီးမိန်းကလေးတွေနဲ့မအိပ်ပါနဲ့သူတို့ကမကောင်းဘူး"
ဒူဒူကဝင်ပြောလာတာကြောင့်williamဒေါသထွက်စွာ
"မိန်းမတွေနဲ့မအိပ်လို့ငါကယောကျ်ားတွေနဲ့အိပ်ရမှာလား!"
ဟုဒေါသထွက်စွာပြောလိုက်တော့မျက်နှာကြီးနီရဲလာတဲ့ဒူဒူကြောင့်williamမျက်ဖြူသာလှန်လိုက်မိတော့သည်။
"ငါပြီးပြီမိုးထက်ကားပြင်ထား"
"ဒူဒူလည်းလိုက်မယ်"
"ဒူဒူမင်းလွန်မလာနဲ့"
မိုးထက်အော်လာတာကြောင့်ဒူဒူက
"ကျွန်တော်အကိုကြီးစကားပဲနားထောင်မှာ"
"တော်ကြတော့နှစ်ယောက်လုံးလိုက်ခဲ့လို့ရတယ်"
"အကိုကြီး"
"ကျေးဇူးတင်ပါတယ်အကိုကြီး"
အသံ၂သံကတစ်ပြိုင်ထဲထွက်လာတာကြောင့်williamထပ်မပြောဖို့အချက်ပြကာအရင်ထွက်လာခဲ့သည်။
"မင်းခက်ထန်မင်းစည်းမကျော်မလာနဲ့"
"မင့်မှာအမိန့်ပေးခွင့်မရှိဘူးအဖြစ်မရှိတဲ့ကောင်ရဲ့"
YOU ARE READING
NO LOVE(Complete)
Science Fictionငါလိုး!ငါတို့ကြားမှာဘာအချစ်မှမရှိဘူးတဲ့ငါတစ်ယောက်ထဲအရူးထခဲ့တာပဲ Mr.William စတွေ့တဲ့နေ့ကတည်းကဒီလူသားကငါ့အပိုင်မှန်းကြိုသိပြီးသား မိုးထက်မြင့် ဒီလူယုတ်မာကခင်များနဲ့တွေ့မှပျော့ညံ့ညံ့ကောင်ဖြစ်သွားတာအဲ့တာကြောင့်ကျွန်တော်တို့ကြားမှာအချစ်မရှိဘူးလို့မပြောနဲ...