23

1.7K 76 0
                                    

"မင်းရူးနေလားအခုအကိုကြီးမှာဘယ်လောက်အန္တာယ်များနေလဲမသိဘူးလား"

ပြောပြောဆိုဆိုနှင့်အပြင်ထွက်ဖို့လုပ်လိုက်တော့မိုးထက်ကိုBodyguard ခေါင်းဆောင်ကလှမ်းဆွဲကာသူ့ရဲ့Maskကိုချွတ်ပြလိုက်သည်။မျက်နှာပေါ်မှာနီရဲယောင်ကိုင်နေသောမျက်နှာကြီးကြောင့်ထိုလူရဲ့မျက်နှာမှာအတော်လေးကိုရုပ်ဆိုးနေသည်။

"မြင်လားဆရာ့နောက်ပဲလိုက်ချင်တယ်လို့ပြောမိလို့အထိုးခံထားရတာဆရာကခင်များတို့နှစ်ယောက်ကိုပဲသေချာစောင့်ရှောက်စေချင်နေတာမင်းသမီးလေးတွေလိုမျိုးလေဟား...ဟား"

ထိုလူမှာသူတို့နှစ်ယောက်အပေါ်အတော်လေးရွံရှာနေဟန်ပေါ်သည်။

မိုးထက်မှာထိုလူရဲ့ခနဲ့တဲ့တဲ့လှောင်ရီသံကိုလျစ်လျူရှုကာမီးဖိုခန်းထဲသို့စက်ရုပ်တစ်ရုပ်လိုဝင်သွားကာမင်းခက်ထန်ပြုတ်ပေးသောခေါင်ဆွဲပြုတ်ကိုအသက်မပါစွာစတင်စားသောက်တော့သည်။

"မိုးထက်အကိုကြီးကငါတို့ကိုစိုးရိမ်နေတာလား"

"အင်း"

"ဘာလို့လဲ"

"သူ့မှာဦးနှောက်မရှိလို့လေသူ့မှာသာဦးနှောက်ရှိရင်ဘယ်သူကအန္တာယ်ပိုများနေလဲဆိုတာကိုသိမှာပဲ"

ထို့နောက်နှစ်ယောက်သားစကားမပြောဖြစ်တော့ပဲတိတ်ဆိတ်စွာစားသောက်ကျတော့သည်။

ထမင်းစားခန်းမှအပေါ်ထပ်သို့အတက်တွင်ကိုယ်ရံတော်တွေကသူတို့နှစ်ယောက်ကိုရွံရှာသလိုကြည့်နေကြသည်။ဟုတ်ပါသည်လေဒီလူတွေကအကိုကြီးကိုဘယ်လောက်ချစ်ပြီးလေးစားသလဲဆိုတာသူတို့မျက်မြင်ကိုယ်တွေ့ပဲကိုသေချာပေါက်အကိုကြီးရဲ့ချစ်ခင်အလေးပေးမှုကိုပိုင်ဆိုင်ထားတဲ့သူတို့ကိုသေချာပေါက်မုန်းမှာပဲ။

မိုးထက်ခါးသက်သက်ပြုံးလိုက်မိသည်။အခန်းထဲတွင်တော့မင်းခက်ထန်ကဒေါသတကြီးဖုန်းပြောနေလေသည်။

"ခင်များလုပ်ရဲရင်လုပ်ကြည့်လေပြီးမှကျွန်တော့်အဆိုးမဆိုနဲ့!!"

"......."

"ကောင်းပြီလေနောက်မှကျွန်တော်ယုတ်မာတယ်လာမလုပ်နဲ့"

NO LOVE(Complete)Where stories live. Discover now