လေးရက်မြောက်နေ့တွင်သူတို့ရဲ့ဖုန်းတွေဆီတူညီသောMessageတစ်စောင်စီဝင်လာသည်။
"အကိုကြီးပြန်လာတော့မယ်နော်"
မိုးထက်မှာမြင်မြင်ချင်းမယုံနိုင်တာကြောင့်မျက်လုံးတွေကိုသေချာပွတ်သပ်ကာပြူးပြဲကြည့်နေစဥ်အော်သံကျယ်ကြီးတစ်ခုနဲ့အတူမင်းခက်ထန်ရောက်လာသည်။
"မင်းကြည့်လိုက်စမ်းမင်းဒါကိုမြင်ရလားငါ့တစ်ယောက်ထဲမြင်နေရတာမဟုတ်ဘူးမလားမြန်မြန်ပြောစမ်းပါ!!!"
မိုးထက်မှာဝမ်းသာလွန်းတာကြောင့်မင်းခက်ထန်ကိုပြေးဖက်မိမတတ်ပင်။သူ့ဖုန်းလေးကိုအသာထောင်ပြလိုက်တော့မင်းခက်ထန်ကမျက်ရည်များပင်စီးကျလာသည်။
"တစ်ကယ်ကြီး.....တစ်ကယ်ကြီးပြန်လာတော့မှာပဲ"
"အင်း"
မင်းခက်ထန်သက်ပြင်းချလိုက်ကာ
"မင်းသူနဲ့ခွဲခွာနိုင်မယ်လို့ယုံကြည်ချက်ရှိလားငါတော့မရှိတော့သလိုပဲ"
"ဟက်...မင်းပဲအဖြစ်ရှိပါတယ်ပြတ်သားလှပါတယ်ဆိုငါကလွှမ်းရင်တောင်အသေခံလိုက်မယ်မကောင်းမှုကိုတော့ဒီတိုင်းမကျော်သွားနိုင်ဘူး"
မင်းခက်ထန်ရဲ့မျက်နှာမှာမခံခြင်စိတ်ကြောင့်နီရဲသွားတော့သည်။
"ဒီစစ်ဆင်ရေးကငါ့ကြောင့်အောင်မြင်လာတာကွငါကမင်းလိုအချိန်ဆွဲနေတဲ့ကောင်တောင်မဟုတ်ဘူး"
ထို့နောက်တစ်ယောက်ကိုတစ်ယောက်ဂရုမစိုက်ကြတော့ပဲလုပ်စရာရှိတာလုပ်ကြတော့သည်။ကုတင်အောက်ကဆေးလိပ်ပုံကြီးဖရိုဖရဲဖြစ်နေသောအဝတ်များညစ်ပတ်နေသောအိမ်ကြီးကိုစတင်သန့်ရှင်းရေးလုပ်ကြတော့သည်။
မင်းခက်ထန်ကထမင်းဟင်းများချက်ပြုတ်စီမံတော့မိုးထက်ကအလိုက်သတိနဲ့သန့်ရှင်းရေးကိုတာဝန်ယူပေးသည်။
အားလုံးပြီးသွားတော့ရေချိုးလိုက်ကြကာလေးရက်လောက်အိပ်ရေးပျက်ထားတာမို့ဟန်မဆောင်နိုင်တော့ပဲအိပ်ပျော်သွားကြတော့သည်။
Williamအိမ်ထဲဝင်လာတော့တိတ်ဆိတ်လွန်းနေတာမို့ရင်ထဲထိပ်ခနဲပင်ဖြစ်သွားသည်။သူတိုနီတံခါးဖွင့်ပေးတာတောင်မစောင့်တော့ပဲအိမ်ထဲမြန်မြန်ပြေးဝင်လိုက်တော့ဧည့်ခန်းဆိုဖာပေါ်ငြိမ်းငြိမ်းချမ်းချမ်းအိပ်နေသောဒူဒူကိုတွေ့လိုက်ရတာမို့ရင်ထဲပင်အေးချမ်းသွားရသည်။
YOU ARE READING
NO LOVE(Complete)
Science Fictionငါလိုး!ငါတို့ကြားမှာဘာအချစ်မှမရှိဘူးတဲ့ငါတစ်ယောက်ထဲအရူးထခဲ့တာပဲ Mr.William စတွေ့တဲ့နေ့ကတည်းကဒီလူသားကငါ့အပိုင်မှန်းကြိုသိပြီးသား မိုးထက်မြင့် ဒီလူယုတ်မာကခင်များနဲ့တွေ့မှပျော့ညံ့ညံ့ကောင်ဖြစ်သွားတာအဲ့တာကြောင့်ကျွန်တော်တို့ကြားမှာအချစ်မရှိဘူးလို့မပြောနဲ...