40(Final)

4.6K 120 2
                                    

Williamအိမ်ပြန်ရောက်လာတော့အိမ်ပေါက်ဝမှာခွေးကလေးနှစ်ကောင်ကအမှီးလေးလှုပ်ရမ်းကာစောင့်နေကြသည်။သူပြန်ရောက်လာတာမြင်တော့မျက်လုံးတွေဝင်းပသွားပုံကချစ်စရာပင်ကောင်းလှတယ်။

"အကိုကြီးဘာလို့နောက်ကျနေတာလဲဒီထက်နောက်ကျရင်ကျွန်တော်လာရှာတော့မလို့"

"ငါကအိမ်မပြန်တတ်တဲ့ကလေးလား"

"အကိုကြီးကကျွန်တော့်အတွက်တော့ကလေးလေးပဲကို"

"မင်းပါးစပ်ကိုပိတ်ထားမိုးထက်!"

Williamငိုတော့မလိုဖြစ်နေတဲ့မိုးထက်ကိုလျစ်လျူရှုပြီးဒူဒူယူလာပေးသောရေခွက်ကိုမော့သောက်လိုက်ကာ

"ငါအိပ်တော့မယ်တစ်ယောက်မှလာမနှောက်ယှက်ကြနဲ့"

"ဒူဒူမနှောက်ယှက်ပါဘူးအကိုကြီးဘေးမှာငြိမ်ငြိမ်လေးအိပ်မှာ"

williamမျက်မှောင်ကျုံ့ကာဒူဒူကိုကြည့်လိုက်ပြီး

"ငါပြောတဲ့အဓိပ္ပာယ်ကိုမင်းနားမလည်တာလားနားမလည်ချင်ယောင်ဆောင်တာလားမင်းခက်ထန်"

"ကျွန်တော့်ကိုအဲ့လိုမခေါ်နဲ့လို့ပြောထားတယ်လေ!!"

"မင်းစကားနားထောင်စရာဘာစောက်ကြောင်းမှမရှိဘူး"

"အကိုကြီး!!!"

'ဒုန်း'

Williamတံခါးဆောင့်ပိတ်ကာLockချပြစ်လိုက်သည်။ဘယ်လိုပဲသူခွင့်လွှတ်ပါတယ်ပြောပြောစိတ်ဆိုးနေတုန်းပင်။နောက်တစ်ခါဆိုစကားကောင်းကောင်းပြောမည်ဟုတွေးထားပါသော်လည်​တွေ့လိုက်သည်နှင့်ရန်စကားများသာထွက်လာသည်။သူတစ်ကယ်ခွင့်မလွှတ်နိုင်သေးဘူးပဲ။သူ့ကအသက်သေမှာကိုလည်းမကြောက်သလိုထောင်ကျမှာကိုလည်းမကြောက်သူအကြောက်ဆုံးကသစ္စာဖောက်ခံရမှာကိုသာဖြစ်သည်။သူ့အကြောက်ဆုံးအရာကိုမှသူ့အချစ်ဆုံးလူတွေလုပ်ရက်ကြသည်လေ။

Williamကုတင်ကျယ်ကြီးပေါ်တွင်ဟိုဒီလူးလိမ့်လိုက်သည်။အချုပ်ထဲတွင်အိပ်ခဲ့ရသောကုတင်မှာမာတောင့်တောင့်နှင့်ကျဥ်းကာအေးစက်လှသည်။

Williamအိပ်မောကျသွားမည့်အချိန်လောက်တွင်အခန်းတံခါးကငြင်သာစွာပွင့်လာသည်။လူနှစ်ယောက်ကကုတင်ပေါ်တက်လာပြီးအလယ်မှလူရဲ့တစ်ဖက်တစ်ချက်စီတွင်နေရာယူကာပွေ့ဖက်လိုက်ပြီးအိပ်မောကျသွားတော့သည်။williamကအိပ်မပျော်သေးတာမို့အားလုံးကိုသေချာသိပါတယ်။သူလည်းပဲအနွေးဓါတ်လေးလိုချင်နေခဲ့သည်မို့အိပ်ချင်ယောင်သာဆောင်နေလိုက်တော့သည်။

You've reached the end of published parts.

⏰ Last updated: May 15, 2023 ⏰

Add this story to your Library to get notified about new parts!

NO LOVE(Complete)Where stories live. Discover now