"ဒါကအကိုကြီးပထမဆုံးလုပ်ဖြစ်တဲ့နေရာလေ"
မူးယစ်ဆေးဝါးမျိုးစုံကိုကြည့်ကာမင်းခက်ထန်ရွံ့ရှာသွားရသည်။တကယ်ကိုစိတ်ပျက်စရာကောင်းလိုက်တာ။
မင်းခက်ထန်အကြောင်းသိတာမို့မိုးထက်ကရှေ့တက်ကာအကိုကြီးကိုအဖော်ပြုပေးသည်။
"အကိုကြီးကအရင်မူးယစ်နဲ့စတာလား"
"အင်းပေါ့ကွလက်နက်နဲ့တော့စနိုင်ပါ့မလားစျေးကသေးမှမသေးပဲ"
"ဒါကြီးမတော်တဆတစ်ခုခုဖြစ်သွားရင်အကိုကြီးအရမ်းဝမ်းနည်းမှာလား"
မိုးထက်ရဲ့မေးခွန်းကိုမဖြေပဲWilliamကပြုံး၍သာနေသည်။
အကွာအကွယ်အဝတ်များကိုဝတ်ဆင်ကာဆေးများကိုကျွမ်းကျွမ်းကျင်ကျင်ထုတ်ပိုးနေကျသောလူများကိုကြည့်ရင်းမိုးထက်မြင့်နဲ့မင်းခက်ထန်ဆုံးဖြတ်ချက်တစ်ခုကိုခိုင်မာစွာချလိုက်သည်။
'သေချာပေါက်ဖျက်ဆီးပြစ်မှာ'
"ဒီအပိုင်းကိုမိုးထက်ကတာဝန်ယူလိုက်တာပိုကောင်းမယ်ထင်တယ်...ဒူဒူကသိပ်သဘောမကျဘူးမလား"
"အကိုကြီးကဘယ်လိုသိ..."
"ကိုယ့်ဇနီးလေးတွေအကြောင်းသေချာသိပါတယ်ကွားဟား..ဟား"
စိတ်ညစ်ညူးနေကြသောဒူဒူနဲ့မိုးထက်မှာဒီရီသံလေးကြောင့်စိတ်တွေပြန်အေးချမ်းလာရသည်။
"ဒူဒူကိုကလက်နက်ဘက်တာဝန်ပေးပါမယ့်နှစ်ယောက်လုံးပင်ပန်းတာစိတ်မပါတာဖြစ်ရင်ချက်ချင်းရပ်တန့်လိုက်လိုရတယ်ကိုယ့်ကိုယ်ကိုယ်ဖိအားမပေးရဘူးဟုတ်ပြီလား"
"ဟုတ်ကဲ့အကိုကြီး"
စည်းစနစ်ကျလွန်းလှသောအကိုကြီးကြောင့်ရဲတွေအချိန်အကြာကြီးမဖမ်းမိနိုင်ရခြင်းအကြောင်းရင်းကိုသူတို့သဘောပေါက်လာကြရသည်။တကယ်တော်လွန်းလှပါသည်။
"ဒူဒူကခနနေခဲ့နော်မိုးထက်ကလိုက်ခဲ့"
"အကိုကြီး!"
"အခုမြင်ရမယ့်ဟာတွေကိုမင်းသေချာပေါက်သဘောကျမှာမဟုတ်ဘူးအဲ့ဒါကြောင့်နေခဲ့"
YOU ARE READING
NO LOVE(Complete)
Science Fictionငါလိုး!ငါတို့ကြားမှာဘာအချစ်မှမရှိဘူးတဲ့ငါတစ်ယောက်ထဲအရူးထခဲ့တာပဲ Mr.William စတွေ့တဲ့နေ့ကတည်းကဒီလူသားကငါ့အပိုင်မှန်းကြိုသိပြီးသား မိုးထက်မြင့် ဒီလူယုတ်မာကခင်များနဲ့တွေ့မှပျော့ညံ့ညံ့ကောင်ဖြစ်သွားတာအဲ့တာကြောင့်ကျွန်တော်တို့ကြားမှာအချစ်မရှိဘူးလို့မပြောနဲ...