"ဝါးဗိုက်ပြည့်နေလို့ဒီနေ့တော့တစ်ယောက်ထဲအိပ်မှဖြစ်တော့မယ်လွပ်လွပ်လပ်လပ်လေးဖြစ်အောင်"
williamတစ်ယောက်ထဲအိပ်ချင်ကြောင်းပြနေသည်ကိုနှစ်ယောက်သားမသိချင်ယောင်ဆောင်ကာကုတင်ပေါ်တက်အိပ်လိုက်ကြသည်။
"မင်းတို့ကိုငါပြောနေတာမကြားဘူးလားငါ့ကိုရှိတယ်ရောထင်ကြသေးလားဟမ်း!"
williamတစ်ယောက်ဒေါသကြောင့်မျက်နှာများနီရဲလာရသော်လည်းကံယကံရှင်နှစ်ယောက်မှာဂရုပင်မစိုက်ကြချေ။
"မင်းတို့ခုချက်ချင်းမထွက်သွားသေးရင်ငါ့ဂိုဏ်းထဲကထုတ်ပြစ်မှာနော်"
"နားငြီးတယ်အကိုကြီးရာ"
မိုးထက်ကနားကိုလက်နှင့်အုပ်ကာတစ်ဖက်သို့လှည့်သွားလေသည်။
"ဘာ..ဘာကွမင်း...မင်း"
"အကိုကြီးမအိပ်သေးဘူးလားလာအိပ်တော့လေမနက်ကျမထနိုင်ပဲနေမယ်"
ဒူဒူအလယ်ကနေရာကွက်လပ်ကိုပုတ်ပြကာပြောဆိုရင်းပြန်အိပ်သွားလေသည်။
williamဗီရိုအောက်ကသေနပ်ကိုဆွဲထုတ်ကာနှစ်ယောက်လုံးကိုချိန်ရွယ်လိုက်သည်။ဒေါသကြောင့်ရင်ဘတ်မှာနိမ့်ချည်မြင့်ချည်ဖြစ်နေသည်။သို့သော်လည်းနှစ်ယောက်သားမှာအားနာပါးနာပင်ထမလာချေ။
williamစိတ်ကိုအသာလျှော့ကာသေနပ်ကိုမူလနေရာပြန်ထားပြီးကုတင်ပေါ်တက်လာကာနှစ်ယောက်လုံးကိုလက်သီးတစ်ချက်စီပြစ်ထိုးလိုက်တော့ရီသံသေးသေးလေတွေပင်ထွက်လာကြသည်။
မတတ်နိုင်သည့်အဆုံးအိပ်ယာပေါ်လှဲချကာမျက်လုံးများကိုပိတ်လိုက်တော့တစ်နေ့လုံးပင်ပန်းထားတာကြောင့်ချက်ချင်းပင်အိပ်ပျော်သွားတော့သည်။
williamအိပ်ပျော်သွားသည်နှင့်မိုးထက်အလျင်အမြန်ထလာပြီးလည်ပင်းကြောကိုပိတ်လိုက်ကာအကိုကြီးကိုတက်ခွပြစ်လိုက်သည်နှင့်ဒူဒူက
"ဒီနေ့ငါ့အလှည့်နော်မိုးထက်မြင့်"
မိုးထက်မျက်မှောင်ကျုံကာမကျေမနပ်ပြောလာသောမင်းခက်ထန်ကိုပုခုံးပုတ်လိုက်ကာ
YOU ARE READING
NO LOVE(Complete)
Science Fictionငါလိုး!ငါတို့ကြားမှာဘာအချစ်မှမရှိဘူးတဲ့ငါတစ်ယောက်ထဲအရူးထခဲ့တာပဲ Mr.William စတွေ့တဲ့နေ့ကတည်းကဒီလူသားကငါ့အပိုင်မှန်းကြိုသိပြီးသား မိုးထက်မြင့် ဒီလူယုတ်မာကခင်များနဲ့တွေ့မှပျော့ညံ့ညံ့ကောင်ဖြစ်သွားတာအဲ့တာကြောင့်ကျွန်တော်တို့ကြားမှာအချစ်မရှိဘူးလို့မပြောနဲ...