"ကိုယ်တို့အပြင်သွားကြမလား"
"အကိုကြီးသဘော"
Williamကားထဲဝင်ထိုင်ကာကိုယ်တိုင်မောင်းဖို့လုပ်တာကြောင့်ဒူဒူက
"အကိုကြီးတိုနီရော!"
"တိုနီကဒူဒူထက်အသက်ကြီးတယ်နော်ရိုရိုသေသေခေါ်ပြီးတော့သူ့ကိုအကိုကြီးအလုပ်ထုတ်လိုက်ပြီ"
"ဘာလို့လဲ!!"
"ကိုယ်တို့သုံးယောက်ထဲအတူနေကြမယ်လေ"
ပြောရင်းမျက်လုံးတစ်ဖက်ကိုမှိတ်ပြလိုက်တော့ဒူဒူကရှက်သွေးဖြာသွားပြီးတစ်ဖက်သို့လှည့်သွားတော့သည်။Williamတိုနီမျက်နှာကိုမြင်ယောင်ရင်းခေါင်းခါမိတော့သည်။
"ကျွန်တော့်အသက်ကိုဆရာပေးထားတာဆရာနဲ့ပဲသေတဲ့အထိအတူနေမှာကျွန်တော့်မှာတွယ်တာရမယ့်မိသားစုလည်းမရှိဘူးအကိုကြီးသာမရှိတော့ရင်ကျွန်တော်လည်း..."
"ကျေးဇူးပြုပြီးငါ့စကားကိုနားထောင်စမ်းပါတိုနီရာ!"
Williamမျက်ခုံးတွေကိုစုကြုံ့လိုက်ရင်း
"ငါအရမ်းပင်ပန်းနေပြီတိုနီငါတစ်ကယ်အနားယူချင်ပြီ"
Williamစကားဆိုအမြဲတမ်းနားထောင်လေ့ရှိသောတိုနီမှာဒီတစ်ခါတော့ခေါင်းကသံမဏိလိုမာနေသည်။
"မရဘူး!ကျွန်တော်စိတ်မချဘူးသူတို့နှစ်ယောက်ကိုကျွန်တော်မယုံ...."
"ခွပ်!"
"အသက်မပါပဲဒီအိမ်ကထွက်သွားချင်ရင်မင်းထပ်ပြောကြည့်လိုက်စမ်း!"
"ဆရာ!"
တိုနီကမျက်နာကြီးနီရဲနေကာWilliamကိုကြည့်လာတာကြောင့်Williamမျက်နှာလွှဲလိုက်သည်။
သူတို့ဆရာသည်တကယ်ကိုသံသယများလွန်းပြီးအယုံအကြည်မဲ့လွန်းသည်။အိမ်ထဲဝင်ရောက်သောခြင်တစ်ကောင်ကိုပင်အလွှတ်မပေးပဲစေ့စေ့စပ်စပ်စစ်ဆေးတတ်သည်။နှစ်တွေအကြာကြီးသူ့ဆီအမှုထမ်းလာသူတွေကိုပင်ယုံကြည်လေ့မရှိချေ။
တိုနီဒီအိမ်ရောက်လာတော့သူ့အကြောင်းကိုသေချာပင်မစုံစမ်းပဲသူ့ကိုလက်ခံပေးခဲ့သလိုတစ်ခြားလူများထက်လည်းယုံကြည်မှုပေးခဲ့လေသည်။သိသိသာသာမဟုတ်သော်လည်းသူ့စကားဆိုတစ်ခြားလူများထက်ပို၍အလေးပေးနားထောင်ပေးတတ်သည်။တိုနီရဲ့ဆုံးဖြတ်ချက်မှာဆရာ့ဘေးတွင်တစ်သက်လုံးသစ္စာအရှိဆုံးတစ်ပည့်အဖြစ်နေထိုင်သွားရန်ဖြစ်သည်။
YOU ARE READING
NO LOVE(Complete)
Science Fictionငါလိုး!ငါတို့ကြားမှာဘာအချစ်မှမရှိဘူးတဲ့ငါတစ်ယောက်ထဲအရူးထခဲ့တာပဲ Mr.William စတွေ့တဲ့နေ့ကတည်းကဒီလူသားကငါ့အပိုင်မှန်းကြိုသိပြီးသား မိုးထက်မြင့် ဒီလူယုတ်မာကခင်များနဲ့တွေ့မှပျော့ညံ့ညံ့ကောင်ဖြစ်သွားတာအဲ့တာကြောင့်ကျွန်တော်တို့ကြားမှာအချစ်မရှိဘူးလို့မပြောနဲ...