30

1.8K 84 1
                                    

"ကျွန်တော်ကရွံဖို့ကောင်းတယ်တဲ့လားဟက်...ခင်များ"

မင်းခက်ထန်အကိုကြီးကုတင်ပေါ်တက်ကာအကိုကြီးရဲ့အပေါ်မှတက်ခွလိုက်ပြီးမျက်နှာအနံ့နမ်းရှိုက်ပြစ်လိုက်သည်။သူအများကြီးလွှမ်းနေခဲ့ရတာဒီအထိအတွေ့လေးကို။

"အွင့်..မင်းဖယ်စမ်း..အွင့်"

"အကိုကြီးနဲ့ဒူဒူမပြီးသေးဘူးနော်"

မင်းခက်ထန်အကိုကြီးရဲ့နုတ်ခမ်းကိုလက်လေးနဲ့ပွတ်သပ်ရင်းဆိုတော့သူ့မျက်နာကိုလက်သီးတစ်ချက်ကခွပ်ခနဲ့လာထိသည်။

"ငါ့ကိုမင်းထိချင်တိုင်းလာမထိနဲ့ငါကတရားခံဖြစ်နေရင်တောင်ငါ့မှာရသင့်တဲ့အခွင့်အရေးဆိုတာရှိတယ်"

"အကိုကြီးကိုကျွန်တော်ကဘာလို့ထိချင်တိုင်းထိလို့မရမှာလဲ"

"မင်း!...မင်းကငါ့ကိုပြန်မေးနေတာလား"

မင်းခက်ထန်မှာသူ့သရုပ်မှန်ကိုအကိုကြီးသာသိသွားပါကဖြစ်လာမည့်အခြေအနေအမျိုးမျိုးကိုစဥ်းစားကြည့်ဖူးသည်။အကိုကြီးကသူ့တို့ကိုတစ်ပတ်လောက်စိတ်ကောက်သွားလောက်မည်သို့မဟုတ်သူတို့ကိုအရမ်းချစ်တာမို့ဘာပဲဖြစ်ဖြစ်ခွင့်လွှတ်ပေးမည်။အခုတော့အကိုကြီးကသူတို့ကိုစွန့်ပြစ်ဖို့ကြိုးစားနေတယ်တဲ့။စိတ်ကူးယဥ်နေတာပဲဘယ်တော့မှအဲ့လိုဖြစ်လာမှာမဟုတ်ဘူး။

"ကျွန်တော်ကအကိုကြီးရဲ့ဇနီးလေးလေ"

"အခုမဟုတ်တော့ဘူး!ငါ့ဘဝရဲ့အကြီးဆုံးအမှားကမင်းတို့နှစ်ယောက်ကိုငါ့ဘဝထဲဝင်ခွင့်ပြုလိုက်တာပဲ!"

"အကိုကြီး!"

"ငါကတရားခံတစ်ယောက်ပဲမင့်ရဲ့အကိုကြီးမဟုတ်ဘူး"

မင်းခက်ထန်စိတ်လျော့ချလိုက်ကာအကိုကြီးရဲ့နဖူးလေးကိုနမ်းရင်းတိုးတိုးပြောလိုက်သည်။

"ကျွန်တော်တို့မှာအစီအစဥ်ရှိပါတယ်ခဏလေးသည်းခံပေးပါအကိုကြီးရယ်နော်"

အကိုကြီးရဲ့အနမ်းလေး၊အထိအတွေ့လေးကိုသူရူးမတတ်လွမ်းမိပါသော်လည်းစိတ်အခြေအနေအဆင်မပြေသေးမှန်းသိတာမို့သူသည်းခံဖို့သာတတ်နိုင်တော့သည်။ဒီအခိုက်အတန့်လေးမှာပဲဒီလူကိုသူဘယ်လောက်တောင်ချစ်မိနေသလဲဆိုတာသိလိုက်ရတော့သည်။ဒီလူသားသာမရှိတော့ရင်သူလဲရှင်သန်ဖို့အကြောင်းပြချက်မရှိတော့သလိုမျိုး။

NO LOVE(Complete)Where stories live. Discover now