24

1.3K 64 0
                                    

တစ်ပတ်အကြာတွင်တော့Williamပြန်ရောက်လာသည်။မျက်တွင်းများညိုမဲနေကာလူကလည်းကျုံးကျုံးကျနေပုံပေါ်သည်။သူလမ်းလျှောက်လာရင်းလဲကျမလိုဖြစ်သွားတာကြောင့်အနီးရှိကိုယ်ရံတော်ခေါင်းဆောင်ကပြေးဖမ်းလိုက်သော်လည်းသူကဖယ်ထုတ်ပြစ်ကာသူ့ကိုငေးကြည့်နေကြသောမင်းခက်ထန်နှင့်မိုးထက်ဆီအပြေးလေးလာခဲ့သည်။ပင်ပန်းလွန်းထားသောခန္ဓာကိုယ်ကြောင့်သူပြေးလာသည်မှာသာမာန်လူလမ်းလျှောက်နေသလိုပင်။သို့သော်လည်းအတော်ကြီးကိုအားကုန်သုံးကာသူတို့နှစ်ယောက်ဆီပြေးလာနေမှန်းမြင်တဲ့လူတိုင်းသိနိုင်လေသည်။

'ဒီလိုလူသားကိုမှသူတို့ဘယ်လိုစိတ်နဲ့များ'

မင်းခက်ထန်မှာသူ့ရင်ထဲမှနာကျင်မှုကိုလက်သီးဆုပ်အဖြစ်ပြောင်းလဲထားရသည်။မိုးထက်ကတော့သူဒီကိုရောက်ကာစအချိန်လေးကိုသတိရမိသွားသည်။ပုံမှန်ဆိုစေ့စပ်လွန်းသောသီးသန့်ဆန်လွန်းသောအကိုကြီးကသူ့ကိုတော့မမေးမမြန်းပဲသံသယလေးပင်မဝင်ပဲ'မင်းငါ့လက်ထောက်လုပ်ပြီးငါ့နားမှာနေ'ဟုသာပြောဆိုပြီးသည်နှင့်တစ်ကယ်ကြီးသူ့မှာအကိုကြီးရဲ့အိမ်တော်ထိန်းဖြစ်လာရသည်။ထိုအတွက်ကြောင့်တိုနီသည်ပင်သူ့အားအမြင်မကြည်ခဲ့ပေ။မိုးထက်အစကအကိုကြီးကသူ့ကိုသံသယဝင်နေ၍တမင်ကောင်းပြပြီးသတ်ပြစ်ချင်တာများလားဟုသံသယဝင်ခဲ့ပါသော်လည်းနောက်ပိုင်းမှမဟုတ်မှန်းသိခဲ့ရသည်။လျို့ဝှက်ချက်အချို့ကိုသူ့ထံဖွင့်ချတတ်သလိုအားနည်းချက်လေးတွေကိုလည်းသူ့ရှေ့မှသာထုတ်ပြခဲ့သည်။ဂုဏ်ယူစွာပြောရပါကသူမို့လို့သာအကိုကြီးကယုံကြည်နေခြင်းပင်။နဂိုတည်းကGayတစ်ယောက်ဖြစ်သော်လည်မည်သည့်ယောကျ်ားအပေါ်မှာမှမချစ်ခဲ့ဖူးသောနှလုံးသားမှာထိုယောကျ်ားအပေါ်မှာတော့မြင်မြင်ချင်းချစ်မိခဲ့သည့်အပြင်အချိန်ကြာလာသည့်အမျှထိုချစ်ခြင်းသည်တိုးပွားလာခဲ့သည်မှာသူ့ဘာဆိုတာကိုပင်မေ့လျော့သွားမိသည့်အထိပင်။သူ့အထက်လူကြီးများကသူ့ကိုစိတ်မရှည်တော့ပဲမင်းခက်ထန်ကိုပို့လာတော့မှသာသူသည်တာဝန်အရအကိုကြီးနားရောက်နေမှန်းပြန်မှတ်မိလိုက်တော့သည်။

NO LOVE(Complete)Where stories live. Discover now