21

1.4K 66 0
                                    

သုံးယောက်သားမှာကစားပြီးနောက်အမောလွန်နေကြပါသော်အိပ်ချင်စိတ်မှာမူတစ်စက်ကလေးပင်မရှိကြချေ။

"အကိုကြီးသွားတာအရမ်းကြာတယ်နောက်ဆိုအဲ့လောက်ကြီးပြစ်မထားပါနဲ့"

နှစ်ယောက်လုံးအတင်းအကျပ်ဖက်ထားတာကိုခံထားရသောWilliamမှာလှုပ်ရှား၍မရတာကြောင့်ဒူဒူနဖူးကိုမမှီတမှီလေးလှမ်းနမ်းလိုက်ကာ

"အင်း..အကိုကြီးလည်အမြန်ပြန်လာချင်တာပါပဲဒါပေမယ့်ဒီတစ်ခါရဲတွေကသက်သေအတိအကျနဲ့ဖမ်းတာမို့နေရာရွေ့သင့်တာတွေရွေ့ပေးနေရတယ်လေအဖမ်းခံရတဲ့မိသားဝင်တွေကိုတစ်သက်စာငွေကြေးထောက်ပံ့မှုလုပ်ပေးရသေးတယ်ပြီးသောအမှုသေးတဲ့လူတွေအမြန်ဆုံးလွှတ်နိုင်အောင်အမှုကြီးတဲ့လူတွေကထောင်ထဲမှာသက်သောင့်သက်သာနဲ့နေနိုင်အောင်လုပ်ပေးရသေတယ်လေဒူဒူရဲ့"

ပြောရင်းသက်ပြင်းချလိုက်မိသည်။သူဘယ်နည်းနဲ့မှတော့ဒီတိုင်းပြစ်မထားလိုက်နိုင်။ထောင်ထဲကနေအပြစ်တင်စကားများမကြားရပဲမျှတအောင်ဆောင်ရွက်ပေးတဲ့အတွက်ကျေးဇူးတင်ကြောင်းများကြားရမှသာသူလေပူအနည်းငယ်ကိုမှုတ်ထုတ်နိုင်ခဲ့တာဖြစ်သည်။နောက်ထပ်လူတွေဒီလိုမျိုးမဖြစ်ရလေအောင်သူသေချာစီမံမှဖြစ်တော့မည်။

မိုးထက်ကဖြူစင်တဲ့မျက်ဝန်းလေးများကိုပုတ်ခတ်ပုတ်ခတ်လှုပ်ရင်းဘားမှမသိသလိုပုံစံဖြင့်မေးလိုက်သည်။

"ရဲတွေကဘယ်လိုသိသွားတာလဲဟင်အကိုကြီး"

"အကိုကြီးအထင်တော့အတွင်းလူသစ္စာဖောက်တဲ့ပုံစံမျိုးပဲဒါပေမယ့်ဒီဖြစ်စဥ်မှာသစ္စာဖောက်လည်းအကိုကြီးရှာမတွေ့ဘူး"

စိတ်ဂနာမငြိမ်ဖြစ်သွားသောနှစ်ယောက်မှာအလယ်မှလူကိုအတင်းဖျစ်ညစ်လိုက်မိကြသည်။

"အကိုကြီးဒူဒူအိပ်ချင်ပြီ!!"

"ကျွန်တော်ရော"

"ဟုတ်ပြီအိပ်ကြရအောင်"

လေးရက်လုံးကောင်းကောင်းမအိပ်ခဲ့ရသောကြောင့်သုံးယောက်သားမှာလျှင်မြန်စွာအိပ်ပျော်သွားတော့သည်။

ဖုန်းမြည်သံကြောင့်Williamလူးလဲထကာဘေးမှလူများကိုတွန်းထုတ်ပြီးဖုန်ကိုင်ဖို့လုပ်တော့မိုးထက်နှင့်ဒူဒူကအတင်းပြန်ဆွဲချသည်။

NO LOVE(Complete)Where stories live. Discover now