28

1.3K 62 1
                                    

သီးချင်းသံကြားတွင်Williamမှာမကြုံစဖူးမြူးထူးနေသည်။အမှိုက်တွေကိုပြစ်ချပြီးလူကောင်းလုပ်ရတာပျော်ဖို့ကောင်းလိုက်တာ။သီးချင်းသံကိုထပ်တိုးလိုက်ပြီးကားကိုအရှိန်မြင့်လိုက်ကာလူကလည်းသီးချင်းရဲ့စည်းချက်အတိုင်းလှုပ်ရှားနေသည်။

မိုးထက်ကခန္တာယ်များတာကြောင့်ကားအရှိန်လျှော့ဖို့ပြောချင်ပါသော်လည်းတစ်ကယ်ကြီးပျော်ရွှင်နေတဲ့အကိုကြီးကြောင့်သူလက်လျော့လိုက်တော့သည်။ဘယ်နေ့ဘာဖြစ်မယ်မှန်းမသိနိုင်တာမို့အကိုကြီးပျော်ပါစေလေ။

မင်းခက်ထန်မှာရှေ့ကလှုပ်ယွနေတဲ့လူသားလေးကိုကြည့်ရင်းပွေ့ချီကာထွက်ပြေးသွားချင်စိတ်ကိုမနည်းထိန်းချုပ်ထားရသည်။ဒီလူသားကိုသူမြတ်နိုးလိုက်တာ။

Williamကားမောင်းနေရင်တစ်ဝီဝီမြည်သံတွေကသူ့နားထဲရောက်လာတာကြောင့်တောင့်တောင့်ကြီးဖြစ်သွားရသည်။သူ့ကိုလက်လျှော့လိုက်ပြီလို့ထင်နေတာမဟုတ်ဘူးပဲ။ဒါပေမယ့်ဘာလို့ဒီအချိန်မှလဲ။သူတစ်ယောက်ထဲရှိတဲ့အချိန်မှဖြစ်လည်းရတာကို။သူ့ဇနီးလေးတွေကိုအထိအခိုက်မခံနိုင်သလိုသူ့တို့ရှေ့မှာလည်းသူ့ကျရှုံးမှုကိုမမြင်စေချင်ပေ။သူဘာဖြစ်ဖြစ်ဒီလူသားလေးနှစ်ယောက်ကတော့လွှတ်မြှောက်ရမယ်။အတွေးနဲ့အတူကားကိုအရှိန်မြင့်ကာလမ်းကြားများစွာထဲသို့ကွေ့ကာပတ်ကာမောင်းပြေးလိုက်သည်။

'Fuck !ဒီနေ့လား'

မိုးထက်အံကြိတ်ရင်းမဆဲပဲမနေနိုင်တော့။သူဘယ်လိုပဲတောင်းဆိုတောင်းဆိုသူတို့လုပ်ချင်တာကိုသာလုပ်သည်။သူစိုးရိမ်စွာရှေ့ကလူကိုကြည့်လိုက်တော့အပြင်ပန်းကတည်ငြိမ်ပုံပေါ်နေပေမယ့်လက်တွေကတော့တုန်ယင်နေသည်။ရင်နင့်စွာပင်သူတိုးတိုးဖွဖွခေါ်လိုက်သည်။

"အကိုကြီး!"

"အင်း..မိုးထက်မကြောက်နဲ့အကိုကြီးရှိတယ်!"

မင်းခက်ထန်မှာမျက်လုံးထဲပြည့်လာသောမျက်ရည်များကိုပုတ်ခတ်ကာသိမ်းဆည်းလိုက်ရင်း

"အကိုကြီးကျွန်တော်တို့ရပ်လိုက်...."

"မကြောက်နဲ့နော်ဒူဒူမင်းတို့သေချာပေါက်ဘေးကင်းစေရမယ်အကိုကြီးကိုယုံ!"

NO LOVE(Complete)Where stories live. Discover now