"မင်းအကိုကြီးဘယ်နေ့ပြန်လာမလဲသိလား"
"မသိဘူး"
"မင်းသိတာဘာရှိသေးလဲပြောတော့အကိုကြီးဘေးနားမင်းအရင်ရောက်တာပါဆိုမင်းကအရေးပါဆုံးလက်ထောက်ပါဆိုမင်း...ဘယ်နေရာမှစောက်သုံးမကျတဲ့ကောင်"
ကုတင်ဘေးကနေလက်ညိုးထိုးကာရန်ရှာနေသောမင်းခက်ထန်ကိုမိုးထက်ရန်ပင်ဖက်မဖြစ်နိုင်တော့။လောလောဆယ်တော့စိတ်ဓါတ်ကျပြီးဘာဆိုဘာမှမလုပ်ချင်။သူအသံတိုးတိုးလေးဖြင့်ပြောလိုက်မိသည်။
"အကိုကြီးကငါအန္တာယ်ရှိမှာစိုးလို့ငါ့လက်တွေညစ်ညမ်းမှာစိုးလို့ငါ့ကိုအဲ့အလုပ်တွေမခိုင်းခဲ့တာအကိုကြီးကငါ့ကိုအရမ်းချစ်တာလေ"
ထိုသို့ပြောဆိုပြီးသူ့စိတ်တွေကအနည်းငယ်သက်သာလာသည်။သူကအကိုကြီးအမြဲဖက်အိပ်နေကျဖြစ်သောဖက်လုံးလေးကိုအားနှင့်ဖက်လိုက်ပြီးတပ်မက်စွာနမ်းခြိုက်လိုက်သည်။အနံလေးတွေဖျော့နေသော်လည်းအလွှမ်းတွေတော့အနည်းငယ်ပြေလျော့သွားရသည်။
မင်းခက်ထန်မှာတော့ထိုစကားကြားပြီးစိတ်တိုလွန်းတာကြောင့်သွေးတွေပင်အန်ထွက်လာတော့မလိုခံစားလိုက်ရသည်။
"အကိုကြီးကငါ့ကိုလည်းအရမ်းချစ်တာကွ!"
မင်းခက်ထန်မှာအသံအကျယ်ကြီးဖြင့်အော်ဟစ်ပြီးနောက်Williamရဲ့အဝတ်ဗီရိုထဲတိုးဝင်လိုက်ကာတံခါပိတ်လိုက်ပြီးတော့အဝတ်တွေကိုထွေးပွေ့ကာနမ်းခြိုက်လိုက်သည်။
"အကိုကြီးပြန်လာပါတော့လွှမ်းလှပြီ"
မင်းခက်ထန်မှာယောကျ်ားကြီးတန်မဲ့မျက်ရည်များဝဲလာရသည်။
တစ်ရက်တိတိ။
အကိုကြီးပြန်မလာသည့်အပြင်အဆက်အသွယ်လည်းမလုပ်ပေ။သေချာတာကတော့သူတို့စတင်သတင်းပေးလိုက်သည့်နေရာသည်Aနိုင်ငံရဲ့မြို့ငယ်လေးတစ်ခုကသိုလှောင်ရုံဖြစ်သည်။အကိုကြီးကိုတိုက်ရိုက်ဖမ်းဆီးရန်သက်သေတွေအလုံအလောက်ရရှိပြီးဖြစ်သော်လည်းဘာကြောင့်ရယ်မသိသူရောမိုးထက်ပါထိုသို့မလုပ်ချင်ကြချေ။ဘယ်လိုပဲဖြစ်ဖြစ်ရင်နှီးခဲ့ဖူးတဲ့လူတွေမို့တစ်ဆင့်ချင်းသာသွားပြီးစိတ်ကိုအဆင့်သင့်ဖြစ်စေချင်သည်။
YOU ARE READING
NO LOVE(Complete)
Science Fictionငါလိုး!ငါတို့ကြားမှာဘာအချစ်မှမရှိဘူးတဲ့ငါတစ်ယောက်ထဲအရူးထခဲ့တာပဲ Mr.William စတွေ့တဲ့နေ့ကတည်းကဒီလူသားကငါ့အပိုင်မှန်းကြိုသိပြီးသား မိုးထက်မြင့် ဒီလူယုတ်မာကခင်များနဲ့တွေ့မှပျော့ညံ့ညံ့ကောင်ဖြစ်သွားတာအဲ့တာကြောင့်ကျွန်တော်တို့ကြားမှာအချစ်မရှိဘူးလို့မပြောနဲ...