"အရင်အိမ်ဟောင်းနဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးကိုအစိုးရကသိမ်းလိုက်ပြီဒါပေမယ့်စိတ်မပူပါနဲ့လေလံတင်တဲ့အခါကျကျွန်တော်အကုန်လုံးရအောင်ပြန်ဝယ်ပေးပါ့မယ်"
ထမင်းစားပွဲတွင်ထမင်းစားနေသောWilliamကိုကြည့်ကာဘေးမှနှစ်ယောက်သားပေါက်ပေါက်ဖောက်နေကြသည်။
"ထားလိုက်တော့အဲ့တာတွေငါမလိုချင်တော့ဘူးငါ့ကိုဖုန်းတစ်လုံးကားတစ်စီးနဲ့ပိုက်ဆံသာပြင်ထားပေး"
"အကိုကြီးဘယ်သွားမလို့လဲ"
"အပြင်လျှောက်လည်မလို့....ငါတစ်ယောက်ထဲပဲ"
"မရဘူးနော်ကျွန်တော်စိတ်မချဘူး"
"ငါ့မှာဒီအိမ်ကလွှဲပြီးတစ်ခြားနေစရာရောမင်းမြင်သလားမိုးထက်ငါထွက်မပြေးဘူးစိတ်ချပြန်ကိုပြန်လာမှာ"
"ကျွန်တော်ကအဲ့လိုဆိုလိုတာမဟုတ်ပါဘူး"
မိုးထက်ကများစွာစိတ်မကောင်းဖြစ်သွားပုံပေါ်သည်။အသံတိုးရင်ခေါင်လေးငုံ့သွားတော့လည်းWilliamမနေတတ်ပြန်။
"ငါ့ကိုအဝတ်တွေပြင်ထားပေးမိုးထက်"
"ဟုတ်ကဲ့"
ထိုအခါမှမိုးထက်ကတက်ကြွစွာပျော်ပျော်ကြီးအိမ်ပေါ်ထပ်ပြေးတက်တော့သည်။ဒူဒူကတော့Williamနောက်တောက်လျှောက်လိုက်နေကာတစ်ကိုယ်လုံးကိုပွတ်သီးပွတ်လုပ်နေသည်။ခုမှထမင်းစားပြီးစမို့အနားယူနေသောWilliamမှာသည်းမခံနိုင်တော့တာကြောင့်
"မင်းမပြီးနိုင်တော့ဘူးလား"
ဒူဒူကမျက်လုံးဝိုင်ကြီးများနှင့်နားမလည်သလိုကြည့်လာရင်း
"ကျွန်တော်တို့ဘားမှမလုပ်ရသေးဘူးလေအကိုကြီးရဲ့ဘယ်လိုပြီးမလဲ,လုပ်ပြီးမှပြီးရတာလေ,ကျွန်တော်တို့အခုပဲပြီးအောင်လုပ်ကြမလား"
"ထွက်သွားစမ်း!!"
ပေကပ်ကပ်နိုင်သောမင်းခက်ထန်ရဲ့စရိုက်မှာလူတိုင်းလက်ဖျားခါရလောက်သည်။Williamဘယ်လိုပင်အော်ဟစ်မောင်းထုတ်ပါစေထွက်မသွားပဲရေဘဝဲတစ်ကောင်လိုဖက်ထားမြဲဖက်ထားဆဲပင်။နောက်ဆုံးတော့လည်းWilliamသာအလျှော့ပေးလိုက်ရတော့သည်။
YOU ARE READING
NO LOVE(Complete)
Science Fictionငါလိုး!ငါတို့ကြားမှာဘာအချစ်မှမရှိဘူးတဲ့ငါတစ်ယောက်ထဲအရူးထခဲ့တာပဲ Mr.William စတွေ့တဲ့နေ့ကတည်းကဒီလူသားကငါ့အပိုင်မှန်းကြိုသိပြီးသား မိုးထက်မြင့် ဒီလူယုတ်မာကခင်များနဲ့တွေ့မှပျော့ညံ့ညံ့ကောင်ဖြစ်သွားတာအဲ့တာကြောင့်ကျွန်တော်တို့ကြားမှာအချစ်မရှိဘူးလို့မပြောနဲ...