9

2.5K 105 0
                                    

Williamအခုတလောအရမ်းအိပ်ရေးဝသလိုခံစားနေရသည်။မျက်လုံးမှိတ်လိုက်သည်နှင့်တစ်ခါတည်းအိပ်ပျော်သွားပြီးမနက်မိုးလင်းမှတာပြန်ထလာတာဖြစ်သည်။ဒူဒူနဲ့မိုးထက်ကြောင့်စိတ်ချလက်ချအိပ်နိုင်တာကြောင့်များလား။

ခန္ဓာကိုယ်အကြောများဖြည်လျှော့လိုက်ကာရေချိုးခန်းထဲဝင်လိုက်တော့တွေ့လိုက်ရတဲ့အနီမှတ်ကြီးများကြောင့်ကြောင်အသွားရသည်။

အကောင်ကိုက်ရအောင်ကလည်းငါ့အခန်းကသေချာပိုးသတ်ထားပြီးသား။

'Allergicလား'

မျက်နှာဆူပုတ်ပုတ်ဆင်းလာတာကြောင့်မင်းခက်ထန်ကြောင်အသွားရသည်။

'ဒီလူကြီးမှာဒီလောက်ချစ်ဖို့ကောင်းတဲ့အခြမ်းရှိသေးတာလား'

williamရဲ့မျက်နှာဆူပုတ်ပုတ်ဖြစ်နေတာကြောင့်မိုးထက်ပြာပြာသလဲပင်

"အကိုကြီးဘာဖြစ်လို့လဲဘယ်ကောင်ကဘာလုပ်ပြန်ပြီလဲ"

"ငါallaegicဖြစ်နေတယ်မိုးထက်"

"ဗျာ..ဘာလို့လဲ"

williamအကျီကိုဆွဲတင်ပြစ်လိုက်ကာ

"ဒီမှာလေ"

မိုးထက်မျက်နှာကြီးနီရဲလာကာတစ်ဖက်လှည့်သွားတာကြောင့်

"ဟ..ယောကျာ်းချင်းကြီးကိုရှက်စရာလား"

williamပြောဆိုရင်းဒူဒူဘက်လှည့်ကြည့်လိုက်တော့အံကြိတ်ကာတစ်ဖက်လှည့်ထားတာကြောင့်

"ဒီလူပျိုလေးတွေကတော့okလေငါ့လုပ်ငန်းကိုမသင်ခင်လုပ်ငန်းအတွက်အရေးပါတဲ့အရာကိုအရင်သင်ကြတာပေါ့"

မိန်းကလေးတွေလက်ထဲကြောင်တောင်တောင်လေးဖြစ်နေမယ့်သူ့ညီလေးနှစ်ယောက်အကြောင်းစဥ်းစားမိတော့မျက်နှာကြီးပြုံးဖြီးလာရသည်။

"God's Land"

နာမည်နှင့်လိုက်အောင်ကြီးကျယ်ခမ်းနားလှကာမိန်းမလားဆေးလားအကုန်အဆင်ပြေသောနေရာတစ်ခုဖြစ်သည်။အကောင်းဆုံးတွေထဲကအကောင်ဆုံးဖြစ်သောဤနေရာသို့ည11:00အချိန်လောက်တွင်လူသုံးယောက်ရောက်ရှိလာသည်။

အရှေ့မှဦးဆောင်လာသောအမျိုးသားမှာတကယ့်ထိပ်တန်းရုပ်ရည်မျိုးဖြစ်သည်။အေးစက်စက်အရှိန်အဝါတွေနှင့်ပြည့်နေကာလူရှိန်စေသောပုံစံမျိုးပင်။နတ်ပြည်သို့နတ်သားရောက်လာသည်မှာမဆန်းပေ။အနောက်လူတွေထက်ခေါင်းတစ်လုံးစာပိုနိမ့်နေတာကြောင့်တာမဟုတ်ပါကနတ်ဘုရားဟုပင်ထင်မိကြပေလိမ့်မည်။

NO LOVE(Complete)Where stories live. Discover now