17

2K 84 2
                                    

"အကိုကြီးအဆင်ပြေရဲ့လား!!"

"ထွက်သွားစမ်း!!"

"အရင်အိမ်ပြန်ရအောင်လေအကိုကြီးရဲ့ပြီးမှဆက်ပြီးစိတ်ကောက်ပါလား"

"လီးကိုစိတ်ကောက်ပါလားငါလိုးမဒူဒူမင်းထွက်သွားစမ်း"

မိုးထက်သက်ပြင်းချလိုက်ကာ

"တစ်ခြားသူတွေရိပ်မိကုန်မယ်လေအကိုကြီးရဲ့မဆိုးပါနဲ့တော့အိမ်ပြန်ရအောင်လေနော်"

Williamမျက်နှာကြီးကစိမ်းလိုက်ပြာလိုက်ဖြစ်နေသည်။သူဒေါသထွက်လွန်းတာကြောင့်အသားများပင်တဆတ်ဆတ်တုန်နေသည်။သူဘယ်လိုစိတ်နဲ့များဒီနှစ်ယောက်ကိုသနားစိတ်ဝင်မိပါသလဲ။သူ့ဇနီးအဖြစ်ဘာလို့များလက်ခံမိပါသလဲ။သူကရောဘာကြောင့်ထတောင်မထနိုင်တော့အောင်ဖြစ်သွားရတာလဲ။

"အကိုကြီးဒူဒူကိုတွဲလေနော်"

ဒူဒူကထုံးစံအတိုင်းသူ့ပုခုံးလေးကိုမှီကာချွဲပြစ်ကာပြောလာသည်။ညတုန်းကသောင်းကျန်းထားတာသူမဟုတ်တဲ့အတိုင်းပင်။

Williamရဲ့ဒေါသမှာဒူဒူကြောင့်အရည်ပျော်သွားရသော်လည်းမာန်မလျှော့နိုင်သေးတာကြောင့်

"ဖယ်..ငါ့ဟာငါသွားမယ်"

"အာ့!!"

"အကိုကြီး!!"×2

Williamမာန်တင်းကာကုတင်ပေါ်ကဆင်းလိုက်သည်နှင့်ခွေလဲကျသွားတာကြောင့်မိုးထက်နဲ့ဒူဒူကစိုးရိမ်တကြီးပြေးထူကြသည်။

"ချီးပဲ!"

Williamမာနမကြီးနိုင်တော့ပဲဒူဒူနဲ့မိုးထက်ကိုမှီကာအခန်းပြင်ထွက်လာလိုက်သည်။ညနိဗ္ဗာန်ဘုံဖြစ်တာကြောင့်မနက်အချိန်ကျဘာသံမှမကြားရတော့ပဲသန့်ရှင်းရေးသမားတွေကတိတ်ဆိတ်စွာသန့်ရှင်းရေးလုပ်နေကြသည်ကိုသာတွေ့ကြရသည်။သူတို့၃ယောက်အပြင်ထွက်လာတော့အကုန်လုံးကဝိုင်းကြည့်လာကြတာမို့Williamမျက်နှာကြီးပူထူကာနီရဲလာသည်။

"Hello..Mr.williamနိုးလာပြီလားညကတစ်အားပင်ပန်းသွားတယ်ထင်တယ်ဒီကမိန်းကလေးတွေကိုစိတ်တိုင်းကျရဲ့လားခဗျ"

ကလပ်မန်နေဂျာရဲ့စကားကြောင့်Williamတင်းထားသောစိတ်တွေလျှော့ကျသွားကာလေပူမှုတ်ထုတ်လိုက်ပြီး

NO LOVE(Complete)Where stories live. Discover now