31

1.5K 72 0
                                    

"အကိုကြီးတော်တော့ဗျာကျွန်တော့်ကိုစိတ်ဆိုးနေမှန်းသိပေမယ့်ဒီလိုမျိုးတော့မပြောနဲ့ကျွန်တော်မကြိုက်ဘူး"

"မိုးထက်မြင့်မင်းကိုယ်မင်းတစ်အားတရားလွန်နေပြီလို့မထင်ဘူးလား....ငါ့ကိုသစ္စာဖောက်ပြီးတာတောင်ငါနဲ့ဆိုင်နေသေးသလိုမျိုးလုပ်နေတာမင်းမရှက်ဘူးလား"

"ကျွန်တော်ကတာဝန်အရလုပ်ခဲ့ရုံတင်အကိုကြီးကိုသစ္စာဖောက်ခဲ့တာမျိုးမရှိဘူးနောက်လည်းရှိလာမှာမဟုတ်ဘူး!"

မိုးထက်မြင့်မျက်နာမှာမတရားစွပ်စွဲခံထားရသလိုရှုံ့တွနေသည်။

"ဒါဆိုငါ့ကိုဘာလို့တစ်ခါတည်းသတ်မပြစ်လိုက်သေးလဲ!ဘာလဲကျရှုံးနေတဲ့ငါ့ကိုကြည့်ရတာတော်တော်အရသာရှိနေတာလား!"

"မဟုတ်ဘူး!!"

မိုးထက်ပြင်သက်ပြင်းချလိုက်ကာအသံတိုးလိုက်ရင်း

"အကိုကြီးအဆင်ပြေပြေနေနိုင်ရဖို့ကျွန်တော်အာမခံပါတယ်အကိုကြီးထောင်ထဲရောက်နေသလိုလုံးဝမခံစားစေရပါဘူးခဏလောက်ပဲသည်းခံပေးပါပြီးရင်ကျွန်တော်တို့အရင်လို့အတူတူနေလို့ရပြီးအကိုကြီးဖြစ်ချင်ခဲ့သလိုမျိုးလေ"

"မင်းတို့နဲ့အတူနေမယ့်အစားငါပျော်ပျော်ကြီးထောင်ကျခံလိုက်မယ်"

"အကိုကြီး!!"

မိုးထက်အတွန့်တက်ဖို့လုပ်ပါသော်လည်းတံခါးဖွင့်သံကြောင့်သူပါးစပ်ပိတ်ကာကုတင်ပေါ်ကဆင်းလိုက်သည်။Williamမှာတံခါးမှဝင်လာသောလူရဲ့မျက်နှာကိုမြင်လျှင်ခေါင်းကိုလွှဲထားမိလိုက်သည်။သူ့ကိုအချုပ်ထဲမှာလှောင်ခဲ့သောသူပင်။အရင်အခြေအနေနှင့်ဆိုပါကထိုလူကိုသူသေချာပေါက်သတ်ပြစ်ပြီးနေပြီ။ခုတော့...။

"ဝိုး...အခုခေတ်အကျဥ်းသားတွေများကံကောင်းလိုက်တာအချုပ်ထဲရောက်နေတာတောင်တကယ့်Bossတွေမှဝင်နိုင်တဲ့Special VIPမှာတဲ့"

ထိုအသံကြောင့်မိုးထက်သူ့မျက်လုံးတွေကိုဝေ့ကြည့်လိုက်ရင်း

"သြော်...ဦးထက်မြတ်ပါလားဂုဏ်ယူပါတယ်ဗျာအခုခင်များကကမ္ဘာကိုချိန်းခြောက်နေတဲ့မူးယစ်လက်နက်ဂိုဏ်ကိုဖြိုနိုင်ခဲ့တယ်ဆိုပြီးနာမည်ကြီးနေတာမလား"

NO LOVE(Complete)Where stories live. Discover now