25

1.3K 60 0
                                    

Williamမျက်လုံးတွေဖွင့်ကြည့်လိုက်တော့သူ့ဇနီးလေးနှစ်ယောက်ကသူ့ကိုမေးလေးထောက်ကာကြည့်နေကြသည်။

"Morning"

"Morning"

Williamသူ့မျက်လုံးတွေကိုပွတ်သတ်လိုက်ကာပြုံးပြလိုက်သည်။

"အကိုကြီးအရမ်းလွှမ်းနေခဲ့တာ"

"ကျွန်တော့်ကိုလားဒူဒူကိုလား!"

"နှစ်ယောက်လုံးကို!"

"ဒူဒူကိုပိုလားမိုးထက်ကိုပိုလား!"

"နှစ်ယောက်လုံးကိုအများကြီးလွှမ်းနေတာ"

"အကိုကြီး...ဒူဒူမာနေတယ်"

"အင်း...အကိုကြီးရောပဲ!"

တစ်ပတ်ကြာအလွှမ်းတွေကိုအတိုးချကြင်နာခဲ့ကြတာကြောင့်နေ့လည်လောက်ရောက်မှသာသူတို့ရဲ့အချစ်စမ်းပွဲလေးကပြီးဆုံးသွားတော့သည်။Williamမှာခေါင်းပင်မထောင်နိုင်တော့ဘဲနောက်တစ်ကြိမ်ပြန်အိပ်ပျော်သွားတော့သည်။

"အကိုကြီးညနေထိအိပ်နေရင်ဖျားမယ်လေထတော့နော်"

"မိုးထက်ကိုယ့်ကိုယ်နမ်း"

"မွ"

Williamမှာပင်ပန်းသမျှပြေပျောက်ကုန်ပြီးရေချိုးခန်းထဲတက်ကြွစွာဝင်သွားတော့သည်။

မီးဖိုခန်းထဲရောက်တော့ဟင်းများပြင်ဆင်ပေးနေတဲ့ဒူဒူကိုနောက်မှဖက်လိုက်ပြီး

"ဒူ့ဒူ့လက်ရာလေးကိုအရမ်းလွှမ်းနေခဲ့ရတာ"

"အဲ့တာဆိုဘာလို့အစောကြီးပြန်မလာတာလဲဒူဒူလွှမ်းလို့သေတော့မှာကို"

ဒူဒူရဲ့ချွဲပြစ်ပြစ်စကားလေးကြောင့်Williamသဘောကျစွာရီမောမိလိုက်သည်။

"ကိုယ်အစောကြီးပြန်လာတာပါကွာသိတဲ့အတိုင်းပဲဟိုဘက်ကတစ်အားရစ်တာလေပေးလိုက်ရတဲ့ပိုက်ဆံတွေကိုမနည်းမနောပဲ"

မင်းခက်ထန်မသိမသာလက်သီးဆုပ်မိသွားသည်။သူတို့ကတော့တရာခံမိနိုင်ဖို့အသက်ကိုရင်းပြီးအမျိုးမျိုးကြိုးစားကြရပေမယ့်သူတို့ကတော့လာဘ်ပေးလာဘ်ယူပင်လုပ်နေလိုက်သေးသည်။ဂုဏ်ပြုတံဆိပ်တွေကိုလည်းလောဘတစ်ကြီးမျှော်လင့်တတ်ကြပြန်သေးသည်။ပြီးတော့အကိုကြီးပင်ပင်ပန်းပန်းရှားထားတဲ့ပိုက်ဆံတွေကသူတို့နဲ့ထိုက်တန်တယ်များထင်နေသလား...။

NO LOVE(Complete)Where stories live. Discover now