ဖုန်းပြောဆိုပြီးချိန်၌Williamသည်အချိန်အတော်ကြာတိတ်ဆိတ်သွားသည်။ထပ်ဖြစ်ပြန်ပြီ။သူဒီလောက်ဆင်ခြင်နေတဲ့ကြားကထပ်ဖြစ်ရပြန်ပြီ။ဒီတစ်ခါတော့ဆုံးရှုံးမှုကတကယ်ကြီးမားသည်။အဓိကနေရာသုံးခုလုံးဖမ်းဆီးခံလိုက်ရသည့်အပြင်အခြားအရေးပါသောနေရာတွေကပါခြိမ်းခြောက်ခံနေရပြီ။
"ငါလိုးမသားဒီရဲတွေစောက်အလုပ်မရှိကြတော့ဘူးလား!!"
ဒုတိယအကြိမ်ဖြစ်တာမို့သူပထမတစ်ခေါက်ကလိုပြာယာခတ်မနေတော့။စိတ်ငြိမ်ငြိမ်ထားပြီးအကျ်ီတစ်ထည်ကောက်ယူလိုက်ကာတိုနီနဲ့သာနှစ်ယောက်သားထွက်ခဲ့တော့သည်။ဘာကိုမှစိတ်မချနိုင်တော့တာကြောင့်သူ့bodyguardနှစ်ဖွဲ့လုံးကိုဒူဒူနဲ့မိုးထက်ကိုစောင့်ရှောက်ရန်ထားခဲ့လိုက်သည်။သူဘာဖြစ်ဖြစ်ဒီလူသားနှစ်ယောက်ကိုသေးသေးလေးတောင်အထိအခိုက်မခံနိုင်။
မိုးထက်ကကားကိုလုံးဝမမြင်ရတော့တဲ့အထိလိုက်ကြည့်နေသည်။ကားကိုမမြင်ရတော့မှလိုက်ကာဆွဲပိတ်လိုက်ကာဆေးလိပ်ကိုစတင်သောက်တော့သည်။အကိုကြီးဖုန်းလာတော့သူအိပ်ချင်ယောင်သာဆောင်နေလိုက်ရသည်။ထထွက်သွားဖို့လုပ်တဲ့အကိုကြီးကိုသူဘယ်လောက်တောင်တားဆီးချင်လိုက်သလဲဆိုသာသူသာသိသည်။ဒီတစ်ခါရောဘယ်နှရက်လဲ။ဘာပဲဖြစ်ဖြစ်သူစတင်လေ့ကျင့်သည်ဟုပင်သဘောထားလိုက်သည်။အကိုကြီးထောင်ကျနေတဲ့တစ်လျှောက်လုံးသူသွားတွေ့လို့မှမဖြစ်ပဲ။မူးယစ်လက်နက်မှုကဘယ်လောက်လဲတစ်သက်တစ်ကျွန်းမလား။အသက်ရူရခက်ကာသူ့ရင်ဘတ်တွေကတင်းကျပ်လာသည်။တစ်သက်လုံးမတွေ့ပဲသူနေနိုင်ပါ့မလား။တစ်လတစ်ခါထောင်ဝင်စာတွေ့လို့ရတာပဲလေ။သူကိုယ့်သူနှစ်သိမ့်ကာဆေးလိပ်ကိုသာဖိသောက်နေလိုက်သည်။
မင်းခက်ထန်ကတော့ဖုန်းကိုကိုင်ကာကြောင်စီစီလေးဖြစ်နေသည်။
"ငါတို့တစ်ပတ်ကိုတစ်နေရာလို့သဘောတူထားကြတယ်မလား"
မိုးထက်ကမင်းခက်ထန်ကိုလှောင်ရီလိုက်သည်။
"ငါတို့သဘောတူညီချက်ကိုသူတို့ကဂရုစိုက်မယ်ထင်နေလားအချက်အလက်တွေရပြီးမှတော့သူတို့ကဒီတိုင်းနေပါ့မလားအထူးသဖြင့်မင့်ပထွေးလေရာထူးရူး,ရူးနေတဲ့ကောင်"
YOU ARE READING
NO LOVE(Complete)
Science Fictionငါလိုး!ငါတို့ကြားမှာဘာအချစ်မှမရှိဘူးတဲ့ငါတစ်ယောက်ထဲအရူးထခဲ့တာပဲ Mr.William စတွေ့တဲ့နေ့ကတည်းကဒီလူသားကငါ့အပိုင်မှန်းကြိုသိပြီးသား မိုးထက်မြင့် ဒီလူယုတ်မာကခင်များနဲ့တွေ့မှပျော့ညံ့ညံ့ကောင်ဖြစ်သွားတာအဲ့တာကြောင့်ကျွန်တော်တို့ကြားမှာအချစ်မရှိဘူးလို့မပြောနဲ...