ဘာဒဏ်ရာမှမယ်မယ်ရရမရှိသော်လည်းထိုအကောင်းစားဆေးရုံကြီးပေါ်တွင်Willianတစ်ပတ်လောက်နေလိုက်ရသည်။တစ်ယောက်တစ်လှည့်စီစိတ်ဒုက္ခလာပေးကြသောလူနှစ်ယောက်ကလွှဲရင်Williamအစစအရာရာအဆင်ပြေနေလေသည်။ဒီနေ့တော့သာယာတဲ့နေ့တွေကုန်ဆုံးပြီထင်ပါသည်။သူ့ကိုကာတစ်စီးနှင့်ရဲစခန်းဆီသို့ပြန်ပို့လိုက်ကြသည်။သူတကယ်တော့ထောင်ကျမှာကိုမကြောက်ပါအပြစ်တွေအတွက်ပေးဆပ်ခွင့်ရလို့စိတ်သက်သာမှုပင်ဖြစ်ရပါသည်။သူကယောက်ျားတစ်ယောက်မို့ကိုယ်လုပ်တာကိုယ်ခံရဲသလိုဘေးဒုက္ခတွေအတွက်လည်းငိုကြွေးမနေချင်ပါ။တစ်ခုပဲ။မိုးထက်နှင့်ဒူဒူ။ထိုနှစ်ယောက်ကိုတော့သူတကယ်မုန်းမိပါသည်။ဘယ်လိုပဲနားလည်ပေးဖို့ကြိုးစားပါစေခွင့်မလွှတ်နိုင်ပါ။မချစ်တော့ဘူးလားလို့မေးရင်တော့သူသေလောက်အောင်ကိုချစ်ရပါသည်။ညတိုင်းခိုးငိုနေကျမျက်ရည်လေးတွေသာထိုအကြောင်းသိပေလိမ့်မည်။သို့သော်........။
"နောက်ဆုံးတော့မင်းနဲ့ထိုက်တန်တဲ့နေရာပြန်ရောက်လာပြီပဲ"
Williamမော့ကြည့်လိုက်တော့ဒူဒူရဲ့ပထွေးဆိုသူပင်။သူကငြင်းခုံရတာဝါသနာမပါတဲ့လူတစ်ယောက်မို့သည်းခံနေလိုက်ဖို့သာရွေးချယ်လိုက်သည်။
"နေစမ်းပါအုန်းငါဒီလောက်ကြိုးစားနေတာတောင်ဖမ်းမမိနိုင်ရအောင်မင်းဘယ်လိုများပုန်းနေနိုင်တာလဲ"
"ခင်များစောက်သုံးမကျလို့နေမှာပေါ့!"
"မင်း...မင်းခက်ထန်"
"ဟုတ်တယ်ကျွန်တော်ပဲ!ခင်များအကိုကြီးကိုရန်စရသာတော်တော်သဘောကျနေတယ်ထင်တယ်နော်နောက်တစ်ခါခင်ဗျားသိချင်တာရှိရင်ကျွန်တော့်ကိုလာမေးကျွန်တော့်သူ့အကြောင်းအကုန်သိတယ်ကျွန်တော်ကသူ့ဇနီးလေးလေ!"
ဦးထက်မြတ်၏မျက်နှာမှာနီတစ်လှည့်ပြာတစ်လှည့်ဖြစ်သွားရသည်။
"မင်းအမေသာသိရင်.."
"သြော်..မေ့တော့မလိုသတိပေးလို့ကျေးဇူးတင်ပါတယ်ကျွန်တော်ဒီနေ့ပဲအမေ့ကိုကွာရှင်းစာချုပ်ပို့လိုက်မယ်"
"နှင်းကငါ့ကိုထားခဲ့မှာမဟုတ်ဘူးကွ!"
"သေချာလား!"
YOU ARE READING
NO LOVE(Complete)
Science Fictionငါလိုး!ငါတို့ကြားမှာဘာအချစ်မှမရှိဘူးတဲ့ငါတစ်ယောက်ထဲအရူးထခဲ့တာပဲ Mr.William စတွေ့တဲ့နေ့ကတည်းကဒီလူသားကငါ့အပိုင်မှန်းကြိုသိပြီးသား မိုးထက်မြင့် ဒီလူယုတ်မာကခင်များနဲ့တွေ့မှပျော့ညံ့ညံ့ကောင်ဖြစ်သွားတာအဲ့တာကြောင့်ကျွန်တော်တို့ကြားမှာအချစ်မရှိဘူးလို့မပြောနဲ...