"လူကြီးမင်း ကျွန်တော်အနူးအညွတ်တောင်းပန်ပါတယ် ကျွန်တော့်တို့ကမ်းလှမ်းချက်ကို ပြန်စဥ်းစားပေးပါ"
"ဒီမယ် ဦးအေးမင်း ကျုပ်က ပြောပြီးသားစကားကိုပြန်ပြင်လေ့မရှိဘူးဆိုတာသိမယ်ထင်ပါတယ် သွားလိုက်ပါတော့ ဦးအေးမင်းကျုပ်မှာအလုပ်တွေရှိသေးတယ် ပြီးတော့ခင်ဗျားသမီးကိုလဲ နောက်ကျုပ်ကိုမနှောက်ယှက်ဖို့သတိပေးထားပါ ကျုပ်အာရုံနောက်လာရင်ဘာလုပ်မိမယ်မသိဘူး"
"ဟုတ် ဟုတ်ကဲ့ပါ"
"ဧက ဧည့်သည်ပြန်ပို့"
"ဟုတ်ကဲ့Boss"
ပြီးနောက် ခုံပေါ်မှာအေးအေးဆေးဆေးပြန်ထိုင်နေသည့်သူ၏နာမည်မှာတော့ "မှိုင်းမှောင်ထွဋ်ခေါင်"သူက သူ့နာမည်နဲ့လိုက်သည် အမြဲတမ်း မျက်မှောင်ကျုတ်ထားတက်ပြီး အရာရာကို စိတ်တိုင်းမကျသရောင်
သူဟာ မြင်သူတိုင်းအဖို့ ဆွဲဆောင်နိုင်စေသည့် ပုံစံမျိုးဖြစ်သည်။အရပ်ရှည်ရှည် ခန္ဓာကိုယ်ကတောင့်တောင့် မုတ်ဆိတ်မွှေးရေးရေးနှင့် ဆံပင်ကိုအနှောက်ကိုသိမ်းကာသပ်သပ်ရပ်ရပ်ဖြင့်လူကြီးဆန်စွာချောမောနေသည်။သူကား မိန်းကလေးများနှင့် လုံး၀ကိုတရင်းတနှီးမရှိကာ အလုပ်လုပ်ရင်း မိန်းကလေးတစ်ယောက်မှမြူဆွယ်လာလျှင် အလုပ်ထုပ်ပစ်လေ့ရှိသည်။ သူရှုတ်"ရှတ်"တွေသူမကြိုက်ပါ အာရုံနောက်တာတွေလဲသူမကြိုက်ပေ။
"ဧက"
"ဗျာ Boss"
"ငါအခုပြန်တော့မယ် စောစောနားချင်လို့ ကျန်တာတွေမင်းပဲဆက်လုပ်လိုက်တော့ အဆင်ပြေတယ်မလား"
"ဟုတ်ကဲ့Boss ဂရုစိုက်ပြန်ပါ"
"အင်း"
မှိုင်းတစ်ယောက် အလုပ်ထိုင်ခုံပေါ်မှ သူ့ကုဒ်အင်္ကျီအားပုခုံးပေါ်တင်ကာ ကားသော့ယူပြီးထွက်လာခဲ့သည်။သူ့ကားသိန်းပေါင်းသောင်းချီတန်သောကားပေါ်အားတက်လိုက်ကာ ကားစတင်မောင်းပြီး အိမ်သို့ပြန်သည်။
...................................
"ကောင်းကောင်းပြန်နော် မင်းဆက်""အွန်း အသော် မင်းလဲစောစောပြန်နော်"
"အင်းပါ တာ့တာ"
YOU ARE READING
အချစ်ကBaby.....(ရပ်နား)
Romanceဤficသည် စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်သည်။ (Warning 🔞🚨)