"အသော် အသော်"
"ဟင်"
"မင်းစိတ်နဲ့လူနဲ့မကပ်သလိုပဲ"
"အာ မဟုတ်ပါဘူးအတွေးများသွားလို့ ဟီး"
"ဟီး ငါရည်းစားရည်းစားရနေပြီအသော်"
"ဟင် ဘယ်သူတုန်း"
"ငါမိတ်ဆက်ပေးရမလား"
"အွန်း မင်းကငါ့သူငယ်ချင်းပဲကို ငါ့မိတ်မဆက်ပေးလို့ဘယ်သူ့မိတ်ဆက်ပေးမှာတုန်း"
"ကဲ အဲ့တာဆိုအခုသွားမယ် အခုမိတ်ဆင်ပေးမယ်"
"အွန်း"
မင်းဆက်နဲ့အသော်က အသက်တစ်နှစ်ပဲကွာသည်လေ အသော်ကက မင်းဆက်ထက် အရပ်၃လက်မလောက်ပိုရှည်သည်။
အသားကလဲမင်းဆက်ရာလိုပဲဖြူသည်ဆံပင်ပုံဆံအလဲအတူတူညှပ်ထားကြသည် သူတို့သူငယ်ချင်းနှစ်ယောက်က ငယ်ငယ်ကတည်းကခင်လာကြပြီး အင်္ကျီဆိုလဲဆင်တူတွေ၀တ်ကြသည်ကြောင့် မသိတဲ့တစ်ချို့ဆို ညီအကိုလို့ပင်ထင်ကြသည်။
မင်းဆက်ရာ ကိုကြိးအား သူတို့လာမည်ဖြစ်ကြောင်း ဖုန်းဆက်ကာအသိပေးထားလိုက်ပြီး ကိုကြီးအလုပ်အားလိုက်သွားကြသည်။ကိုကြီးရုံးခန်းရှေ့ရောက်တော့ ဘယ်သူမှရှိမနေတာကြောင့် တံခါးခေါက်လိုက်သည် ဒီတစ်ခါတော့ကိုကြီးရဲ့တုန့်ပြန်သံကြားရသည်။
"၀င်ခဲ့"
မင်းဆက်ရာလဲ ကိုကြီးရုံးခန်းတံခါးအားဖွင့်ကာ၀င်သွားလိုက်တော့ ဟိုနေ့က အကိုမှ ကိုကြီးဘေးမှရပ်ကာ စာရွက်များအားကမ်းပေးနေသည်။
ဟန်လင်းသော် ရုံးခန်းကြီးအားကြည့်နေတုန်း ထိုလူနှစ်ယောက်၏နောက်တွင် နံရံအစားမှန်ကြီးအားထည့်ထားကာ ရှုခင်းများအားမြင်နိုင်အောင်လုပ်ထားသည်မို့အရမ်းမိုက်သည်ဟုတွေးလိုက်တုန်း အရှေ့မှ သူရင်းရင်းနှီးနှိးမြင်ဖူးသည့်တစ်ယောက်ကြောင့် သေချာတွေးလိုက်တော့မနက်ကလူဖြစ်နေတာကြောင့် စိတ်များပြန်တိုလာရသည်။
"ကိုကြီး"
"Baby ရောက်လာပြီးလား"
"ဟုတ်ကိုကြီး ဒါBabyသူငယ်ချင်း"
YOU ARE READING
အချစ်ကBaby.....(ရပ်နား)
Romanceဤficသည် စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်သည်။ (Warning 🔞🚨)